မွေးကတည်းက ခြေထောက်ရော လက်ရောပါမလာခဲ့၍ လမ်းပေါ်မှာသူတောင်းစားဘဝနဲ့ ကျင်လည်ခဲ့ရသော်လည်း ဂိမ်းကစားရာမှာထူးချွန်သည့်အတွက် viewerသိန်းချီနဲ့ နာမည်ကြီးဂိမ်းStreamerတစ်ဦးဖြစ်လာခဲ့တဲ့ အမျိုးသား

လူတိုင်းက အသက်ရှင်နေထိုင်ရာမှာ စားဝတ်နေရေးအတွက် အခက်အခဲတွေအများကြီးကြုံတွေ့ရသော်လည်း တစ်ခါတစ်လေ ကိုယ့်ရဲ့ကြိုးစားမှုက တန်ပြန်တက်ရောက်မှုကိုပေးစွမ်းသည်။သို့ဖြစ်၍ တရုတ်နိုင်ငံက အသက်၃၂နှစ်အရွယ် အမျိုးသားတစ်ဦးသည် မွေးရာပါ ခြေထောက်နှစ်ဖက်၊လက်နှစ်ဖက်လုံးမရှိသည့်ကြား မိသားစု စားဝတ်နေရေးကလည်းမပြေလည်တာကြောင့် ဝင်ငွေရအောင် လမ်းများပေါ်တွင် သူတောင်းစားလုပ်ခဲ့ရသည်။

အမျိုးသားသည် လမ်းပေါ်မှာတောင်းစားနေရင်း သူငယ်ချင်းတစ်ဦးက ဂိမ်းကစားရန်အကြံပေးခဲ့ရာကနေ မောက်စ်ခလုတ်ကိုနှိပ်ဖို့အတွက် တုတ်ချောင်းတစ်ခုကို ပါးစပ်နဲ့ကိုက်ကာ အသုံးပြုခဲ့သည်။

အမျိုးသားသည် မောက်စ်ကိုအသုံးပြုရလွယ်အောင် ၆လအကြာထိ လေ့ကျင့်ယူခဲ့ရပြီး နောက်ဆုံးမှာတော့ ဂိမ်းဆော့ကျွမ်းကျင်မှုတို့ကြောင့် ဂိမ်းStreamerတစ်ဦးဖြစ်လာကာ နာမည်ကြီးလာခဲ့သည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment