မော်ဒယ်တွေထဲမှာ ထူးခြားပြီး ဆံပင်ရှည်လေးကိုတန်ဖိုးထားခြင်းတို့ကြောင့် အများရဲ့ချီးကျူးမှုတို့ကို ခံနေရပြီး ၃၆နှစ်ကြာသည်ထိ ဆံပင်ရှည်ကို ဂရုတစိုက်နဲ့ထိန်းသိမ်းလာခဲ့သော မော်ဒယ်မလေး

မိန်းကလေးများသည် ဆံပင်ရှည်လေးနဲ့မှ တင့်တယ်လှပပေမယ့် အရှည်ထားဖို့က အရမ်းဂရုစိုက်ရပြီး စိတ်ရှုပ်စရာကောင်းတာကြောင့် တော်ရုံအရှည်မထားနိုင်ကြပေ။သို့ဖြစ်၍ ယူကရိန်းနိုင်ငံမှ အသက်၄၁နှစ်အရွယ် မိန်းကလေးတစ်ဦးသည် မိခင်ဖြစ်သူရဲ့စကားကို နားထောင်ပြီး ဆံပင်အရှည်စထားရာကနေ သူမကိုယ်တိုင်လည်း အရှည်ထားဖို့သဘောကျလာခဲ့သည်။

မိန်းကလေးသည် ၅နှစ်သမီးအရွယ်ကတည်းက ဆံပင်ရှည်စထားခဲ့ရာ လက်ရှိမှာတော့ ၆.၂ပေထိရှည်လျားနေပြီး နာမည်ကြီးမော်ဒယ်အဖြစ် ရပ်တည်လျက်ရှိသည်။မိန်းကလေးသည် သူမရဲ့ဆံပင်ရှည်နဲ့ပက်သက်ပြီး တစ်ပတ်ကိုတစ်ကြိမ်သာ ခေါင်းလျှော်ကာ ဆံပင်ကိုအမြန်ခြောက်စေဖို့ လေမှုတ်စက်ကိုမသုံးပဲ သဘာဝတိုင်း ဖြန့်ချထားရင်းနဲ့ ခြောက်စေခြင်းဖြင့် ဆံပင်ပျက်စီးခြင်းကို ထိန်းသိမ်းခဲ့သည်။

ထို့ကြောင့် မိန်းကလေးသည် မော်ဒယ်တွေထဲမှာ ထူးခြားပြီး သူမရဲ့ဆံပင်ရှည်လေးကိုတန်ဖိုးထားခြင်းတို့ကြောင့် အများရဲ့ချီးကျူးမှုတို့ကို ခံနေရသည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment