ခြံဝိုင်းနေရာအသစ်သို့ ပြောင်းရွှေ့နေထိုင်ရတော့မည့်ချိန်တွင် အိမ်အဟောင်းကိုမထားခဲ့ချင်တာကြောင့် ရေပေါ်နည်းစနစ်ကိုသုံးပြီး အိမ်ကြီးတစ်ခုလုံးပြောင်းရွှေ့သယ်ခဲ့ကြတဲ့ မိသားစု

အချို့သောသူများသည် စိတ်ကူးယဥ်အိပ်မက်အတိုင်း အများကမဖြစ်နိုင်ဘူးဟုထင်ထားသည့်အရာတွေကို အပြင်မှာလက်တွေ့ကျကျလုပ်ဆောင်လိုသည့် စိတ်မျိုးရှိခဲ့သည်။ယခုတွင်လည်း ကနေဒါနိုင်ငံက မိသားစုတစ်စုသည် ကမ်းရိုးတန်တစ်ဖက်နေရာမှာ ခြံဝိုင်းကွက်အသစ်ဝယ်ယူခဲ့ပြီးနောက် တစ်မိသားစုလုံး ပြောင်းရွှေ့နေထိုင်ဖို့ဖြစ်လာခဲ့သည်။

သူတို့မိသားစုသည် နေရာသစ်မှာပြောင်းနေသည့်အခါ သူတို့ရဲ့အိမ်ဟောင်းလေးကို သူများလက်ထဲရောင်းမပစ်ချင်တာရယ် ထားခဲ့ဖို့ကလည်းမပြတ်သားနိုင်တာကြောင့် အတူလိုက်ပါပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့သည်။ထိုမိသားစုသည် လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်သူများကို ငှားရမ်းကာ လှေ၆စီးနဲ့အတူ သူတို့ရဲ့အိမ်ကြီးတစ်ခုလုံးကို ရေပေါ်နည်းစနစ်ဖြင့် တစ်ကီလိုမီတာကွာဝေးသော ကမ်းတစ်ဖက်ဆီကို ရွေ့ပြောင်းခဲ့သည်။

အိမ်တစ်ခုလုံး ရေထဲလမ်းမှာပြောင်းရွှေ့ခြင်းက စိတ်ကူးထဲမှာလွယ်ကူသော်လည်း တကယ်တမ်းကျ အိမ်ထဲမှာရေတွေစိမ့်ဝင်ကာ တစ်ဝက်လောက်နစ်မြှုပ်စေပြီး ပျက်စီးဆုံးရှုံးမှုကလည်း ပြုပြင်သည့်အခါ အိမ်သစ်တစ်လုံးဆောက်လုပ်တာထက် ကုန်ကျစရိတ်ပိုများခဲ့သည်။

Nge (Cele Daily)

Zawgyi

ၿခံဝိုင္းေနရာအသစ္သို႔ ေျပာင္းေ႐ႊ႕ေနထိုင္ရေတာ့မည့္ခ်ိန္တြင္ အိမ္အေဟာင္းကိုမထားခဲ့ခ်င္တာေၾကာင့္ ေရေပၚနည္းစနစ္ကိုသုံးၿပီး အိမ္ႀကီးတစ္ခုလုံးေျပာင္းေ႐ႊ႕သယ္ခဲ့ၾကတဲ့ မိသားစု

အခ်ိဳ႕ေသာသူမ်ားသည္ စိတ္ကူးယဥ္အိပ္မက္အတိုင္း အမ်ားကမျဖစ္ႏိုင္ဘူးဟုထင္ထားသည့္အရာေတြကို အျပင္မွာလက္ေတြ႕က်က်လုပ္ေဆာင္လိုသည့္ စိတ္မ်ိဳးရွိခဲ့သည္။ယခုတြင္လည္း ကေနဒါႏိုင္ငံက မိသားစုတစ္စုသည္ ကမ္း႐ိုးတန္တစ္ဖက္ေနရာမွာ ၿခံဝိုင္းကြက္အသစ္ဝယ္ယူခဲ့ၿပီးေနာက္ တစ္မိသားစုလုံး ေျပာင္းေ႐ႊ႕ေနထိုင္ဖို႔ျဖစ္လာခဲ့သည္။

သူတို႔မိသားစုသည္ ေနရာသစ္မွာေျပာင္းေနသည့္အခါ သူတို႔ရဲ႕အိမ္ေဟာင္းေလးကို သူမ်ားလက္ထဲေရာင္းမပစ္ခ်င္တာရယ္ ထားခဲ့ဖို႔ကလည္းမျပတ္သားႏိုင္တာေၾကာင့္ အတူလိုက္ပါေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့သည္။ထိုမိသားစုသည္ လုပ္ငန္းပိုင္းဆိုင္ရာကြၽမ္းက်င္သူမ်ားကို ငွားရမ္းကာ ေလွ၆စီးနဲ႔အတူ သူတို႔ရဲ႕အိမ္ႀကီးတစ္ခုလုံးကို ေရေပၚနည္းစနစ္ျဖင့္ တစ္ကီလိုမီတာကြာေဝးေသာ ကမ္းတစ္ဖက္ဆီကို ေ႐ြ႕ေျပာင္းခဲ့သည္။

အိမ္တစ္ခုလုံး ေရထဲလမ္းမွာေျပာင္းေ႐ႊ႕ျခင္းက စိတ္ကူးထဲမွာလြယ္ကူေသာ္လည္း တကယ္တမ္းက် အိမ္ထဲမွာေရေတြစိမ့္ဝင္ကာ တစ္ဝက္ေလာက္နစ္ျမႇဳပ္ေစၿပီး ပ်က္စီးဆုံးရႈံးမႈကလည္း ျပဳျပင္သည့္အခါ အိမ္သစ္တစ္လုံးေဆာက္လုပ္တာထက္ ကုန္က်စရိတ္ပိုမ်ားခဲ့သည္။

Nge (Cele Daily)

  • Leave a Comment