သူမအလုပ်လုပ်သော စားသောက်ဆိုင်မှာ အမြဲတမ်းလာစားနေကျ ဖောက်သည်ဦးလေးကြီးကို ဆွေမျိုးသားချင်းမတော်စပ်ပေမယ့် ကျောက်ကပ်တစ်ခြမ်းလှူပေးခဲ့သည့် စားပွဲထိုးမလေး

ခန္ဓာကိုယ်အစားထိုးကုသမှုများသည် အန္တရာယ်များလွန်း၍ အများစုမှာမစွန့်စားရဲကြပေမယ့် ကိုယ်တကယ်တန်ဖိုးထားရသူအတွက်ဆိုရင်တော့ စွန့်စားဖို့ဝန်မလေးကြပေ။ယခုတွင်လည်း ဂျော်ဂျီယာနိုင်ငံမှ မိန်းကလေးတစ်ဦးသည် ဆွေမျိုးသားချင်းမတော်စပ်ပေမယ့် အကူအညီလိုနေသော သူစိမ်းတစ်ဦးကိုသူမရဲ့ကျောက်ကပ်တစ်ခြမ်း လှူပေးခဲ့သည်။

မိန်းကလေးသည် မြို့ထဲက စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးဝင်လုပ်နေစဥ် ဆယ်နှစ်တာကာလအထိ ဆိုင်မှာအမြဲတမ်း စားစရာတွေမှာယူအားပေးခဲ့သော ဦးလေးကြီးတစ်ဦးနဲ့ အတော်လေးခင်မင်ရင်းနှီးသွားခဲ့သည်။

ထို့ကြောင့်ပဲ ဖောက်သည်ဦးလေးကြီးမှ ကျောက်ကပ်အစားထိုးကုသဖို့ အရေးကြုံလာသည့်အခါ မတွန့်မဆုတ်ပဲ သူမခင်မင်ရင်းနှီးရသူတစ်ယောက်ကို မဆုံးရှုံးချင်တာကြောင့် ဆရာဝန်တွေနဲ့တိုင်ပင်ပြီး သူမရဲ့ကျောက်ကပ်ကို ပေးလှူခဲ့ခြင်းဖြင့် အများက ရုပ်လေးကချောသလို စိတ်ထားလေးကလည်းလှတယ်ဆိုပြီး ချီးမွမ်းနေကြသည်။

Nge (Cele Daily)

Zawgyi

သူမအလုပ္လုပ္ေသာ စားေသာက္ဆိုင္မွာ အၿမဲတမ္းလာစားေနက် ေဖာက္သည္ဦးေလးႀကီးကို ေဆြမ်ိဳးသားခ်င္းမေတာ္စပ္ေပမယ့္ ေက်ာက္ကပ္တစ္ျခမ္းလႉေပးခဲ့သည့္ စားပြဲထိုးမေလး

ခႏၶာကိုယ္အစားထိုးကုသမႈမ်ားသည္ အႏၲရာယ္မ်ားလြန္း၍ အမ်ားစုမွာမစြန္႔စားရဲၾကေပမယ့္ ကိုယ္တကယ္တန္ဖိုးထားရသူအတြက္ဆိုရင္ေတာ့ စြန္႔စားဖို႔ဝန္မေလးၾကေပ။ယခုတြင္လည္း ေဂ်ာ္ဂ်ီယာႏိုင္ငံမွ မိန္းကေလးတစ္ဦးသည္ ေဆြမ်ိဳးသားခ်င္းမေတာ္စပ္ေပမယ့္ အကူအညီလိုေနေသာ သူစိမ္းတစ္ဦးကိုသူမရဲ႕ေက်ာက္ကပ္တစ္ျခမ္း လႉေပးခဲ့သည္။

မိန္းကေလးသည္ ၿမိဳ႕ထဲက စားေသာက္ဆိုင္တစ္ခုမွာ စားပြဲထိုးဝင္လုပ္ေနစဥ္ ဆယ္ႏွစ္တာကာလအထိ ဆိုင္မွာအၿမဲတမ္း စားစရာေတြမွာယူအားေပးခဲ့ေသာ ဦးေလးႀကီးတစ္ဦးနဲ႔ အေတာ္ေလးခင္မင္ရင္းႏွီးသြားခဲ့သည္။

ထို႔ေၾကာင့္ပဲ ေဖာက္သည္ဦးေလးႀကီးမွ ေက်ာက္ကပ္အစားထိုးကုသဖို႔ အေရးႀကဳံလာသည့္အခါ မတြန္႔မဆုတ္ပဲ သူမခင္မင္ရင္းႏွီးရသူတစ္ေယာက္ကို မဆုံးရႈံးခ်င္တာေၾကာင့္ ဆရာဝန္ေတြနဲ႔တိုင္ပင္ၿပီး သူမရဲ႕ေက်ာက္ကပ္ကို ေပးလႉခဲ့ျခင္းျဖင့္ အမ်ားက ႐ုပ္ေလးကေခ်ာသလို စိတ္ထားေလးကလည္းလွတယ္ဆိုၿပီး ခ်ီးမြမ္းေနၾကသည္။

Nge (Cele Daily)

  • Leave a Comment