ဗိုက်ဆာတဲ့အချိန်တိုင်း စားသောက်ဆိုင်တစ်ခုသို့ သစ်ရွက်လေးကိုက်ချီပြီး အစားလာဝယ်တတ်ပြီး စားစရာအရင်ပေးမှ သစ်ရွက်လေးကိုပေးတတ်တဲ့ အရင်လည်တဲ့ ချစ်စဖွယ်ခွေးလေး

ခွေးလေးများသည် လူသားတို့နဲ့အနေများတာကြောင့် ဉာဏ်ရည်ထက်မြက်စွာပဲ လူသားတို့ပြုမူနေထိုင်သလို အရိပ်အခြည်ကြည့်ပြီး အလိုက်ထိုက်နေထိုင်တတ်ကြသည်။သို့ဖြစ်၍ ထိုင်းနိုင်ငံက ခွေးလေးတစ်ကောင်သည် လမ်းဘေးမှာကျင်လည်နေရပြီး အနီးနားရှိ အသားလုံးစားသောက်ဆိုင်တစ်ခုမှာ နေ့စဉ်နှင့်အမျှ စားသုံးသူဖောက်သည်တွေများတာကို ငေးကြည့်နေခဲ့သည်။

ခွေးလေးသည် ထိုစားသောက်ဆိုင်၌ ဖောက်သည်များမှာ ဆိုင်ရှင်အားငွေစက္ကူလေးပေးကာ စားစရာများထုပ်ပြန်ကြသည်ကို သဘောပေါက်စွာနဲ့ပဲ နောက်ရက်မှာ သစ်ရွက်လေးကိုကိုက်ချီပြီး စားစရာတောင်းဝယ်ခဲ့သည်။

ခွေးလေးသည် ဗိုက်ဆာလာတဲ့ချိန်တိုင်း ပိုက်ဆံအစားသစ်ရွက်တစ်ရွက်ကို ပါးစပ်နဲ့ကိုက်ချီလာတတ်ပြီး ထိုစားသောက်ဆိုင်မှာ စားစရာနဲ့လဲယူနေခြင်းကြောင့် ဆိုင်ပိုင်ရှင်ကလည်း အရမ်းချစ်ကာ မြင်တွေ့သောဖောက်သည်များကလည်း ခွေးလေးရဲ့ဉာဏ်ကောင်းမှုကို ချီးမွမ်းနေကြသည်။

Nge (Cele Daily)

Zawgyi

ဗိုက္ဆာတဲ့အခ်ိန္တိုင္း စားေသာက္ဆိုင္တစ္ခုသို႔ သစ္႐ြက္ေလးကိုက္ခ်ီၿပီး အစားလာဝယ္တတ္ၿပီး စားစရာအရင္ေပးမွ သစ္႐ြက္ေလးကိုေပးတတ္တဲ့ အရင္လည္တဲ့ ခ်စ္စဖြယ္ေခြးေလး

ေခြးေလးမ်ားသည္ လူသားတို႔နဲ႔အေနမ်ားတာေၾကာင့္ ဥာဏ္ရည္ထက္ျမက္စြာပဲ လူသားတို႔ျပဳမူေနထိုင္သလို အရိပ္အျခည္ၾကည့္ၿပီး အလိုက္ထိုက္ေနထိုင္တတ္ၾကသည္။သို႔ျဖစ္၍ ထိုင္းႏိုင္ငံက ေခြးေလးတစ္ေကာင္သည္ လမ္းေဘးမွာက်င္လည္ေနရၿပီး အနီးနားရွိ အသားလုံးစားေသာက္ဆိုင္တစ္ခုမွာ ေန႔စဥ္ႏွင့္အမွ် စားသုံးသူေဖာက္သည္ေတြမ်ားတာကို ေငးၾကည့္ေနခဲ့သည္။

ေခြးေလးသည္ ထိုစားေသာက္ဆိုင္၌ ေဖာက္သည္မ်ားမွာ ဆိုင္ရွင္အားေငြစကၠဴေလးေပးကာ စားစရာမ်ားထုပ္ျပန္ၾကသည္ကို သေဘာေပါက္စြာနဲ႔ပဲ ေနာက္ရက္မွာ သစ္႐ြက္ေလးကိုကိုက္ခ်ီၿပီး စားစရာေတာင္းဝယ္ခဲ့သည္။

ေခြးေလးသည္ ဗိုက္ဆာလာတဲ့ခ်ိန္တိုင္း ပိုက္ဆံအစားသစ္႐ြက္တစ္႐ြက္ကို ပါးစပ္နဲ႔ကိုက္ခ်ီလာတတ္ၿပီး ထိုစားေသာက္ဆိုင္မွာ စားစရာနဲ႔လဲယူေနျခင္းေၾကာင့္ ဆိုင္ပိုင္ရွင္ကလည္း အရမ္းခ်စ္ကာ ျမင္ေတြ႕ေသာေဖာက္သည္မ်ားကလည္း ေခြးေလးရဲ႕ဥာဏ္ေကာင္းမႈကို ခ်ီးမြမ္းေနၾကသည္။

Nge (Cele Daily)

  • Leave a Comment