ချစ်သူများနေ့သာပြီးသွားပေမယ့် ချစ်သူကမရှိ သူများတွေလိုပန်းစည်းတွေလည်းမရတာကြောင့် ဆံပင်သာဖြူပြီး ရည်းစားမထားဘူးတဲ့ သူမရဲ့အဖြစ်ကိုတွေးမိပြီး ဝမ်းနည်းစွာ ငိုနေခဲ့တဲ့ အသက်၂၈နှစ်အရွယ်အန်တီကြီး

အချစ်ဆိုသောအရာသည် ကင်းကင်းရှင်းရှင်းနေသော်လည်း ပျော်ရွှင်စရာမကောင်းပဲ အချိန်တန်လို့ အိမ်ထောင်မပြုသည့်အခါ အများရဲ့စနောက်ခြင်းတွေကိုပါ ခံရသည်။သို့ဖြစ်၍ တရုတ်နိုင်ငံ Anhuiရှိ အသက်၂၈နှစ်အရွယ် မိန်းကလေးတစ်ဦးသည် တက္ကသိုလ်မှဘွဲ့ရပြီးတာနဲ့ ရှန်ဟိုင်းမြို့သို့အလုပ်သွားလုပ်ကာ နားရက်တွင် အိမ်သို့အလည်ပြန်လာပြီး သူမရဲ့ဝမ်းနည်းစရာအဖြစ်အပျက်ကို အိမ်ကလူတွေဆီမှာ ရင်ဖွင့်ခဲ့သည်။

မိန်းကလေးသည် သူမရဲ့အသက်အရွယ်နဲ့ အလုပ်ပဲလုပ်နေခဲ့တာကြောင့် ချစ်သူများနေ့မှာပင် သူများတွေလိုအတူလျှောက်လည်ပေးမည့်ရည်းစားကမရှိ လက်ဆောင်ပစ္စည်းဆိုတာလည်း တစ်ခါမှမရဖူးခဲ့ပေ။

ထို့အပြင် မိန်းကလေးကို မိဘနှစ်ပါးက ရည်းစားရှိလားမမေးပဲ အိမ်ထောင်ပြုဖို့ကိုပဲ တိုက်တွန်းနေတာကြောင့် သူမမှာ Singleအဖြစ်နဲ့နေရသည်မှာ ဝမ်းနည်းစရာကောင်းလွန်းတာကိုတွေးမိပြီး ငိုယိုနေတော့သည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment