မိန်းကလေးနှစ်ယောက်ကို တစ်ပြိုင်တည်း လက်ထပ်ထားပေမယ့် အလုပ်လက်မဲ့ဖြစ်နေတာကြောင့် လက်ထပ်ပြီးချိန်ထိ ဇနီးနှစ်ယောက်နဲ့ မိဘအိမ်မှာပဲ ခိုကပ်နေနေသော အသက်၂၃နှစ်အရွယ်ကောင်လေး

အိမ်ထောင်ဦးစီးဖြစ်ပါက မိသားစုစားဝတ်နေရေးအတွက် အလုပ်အကိုင်အတည်တကျရှိဖို့ အရေးကြီးသည်။သို့ဖြစ်၍ အင်ဒိုနီးရှားနိုင်ငံက အသက်၂၃နှစ်အရွယ် လူငယ်လေးတစ်ဦးသည် တစ်ရွာတည်းနေသော မိန်းကလေးတစ်ဦးကိုချစ်ကြိုက်ခဲ့ပြီး မကြာမီ တခြားရွာက ကောင်မလေးတစ်ယောက်ကိုပါ ထပ်ပြီးချစ်ခွင့်ပန်ခဲ့သည်။

ထိုကောင်လေးရဲ့လုပ်ရပ်ကြောင့် ချစ်သူမိန်းကလေးနှစ်ဦးမှာ မခံမရပ်နိုင်ဖြစ်ပြီး သဝန်တိုခြင်းတွေဖြစ်ကာ စကားများရန်ဖြစ်မည်ဟုထင်ထားပေမယ့်လည်း နှစ်ယောက်လုံးက တည့်တည့်ရှူရှူနဲ့ပဲ အဆင်ပြေနေခဲ့သည်။

ကောင်လေးသည် အချစ်ရေးမှာကံကောင်းနေသော်လည်း အလုပ်အကိုင်အရ လက်ရှိအလုပ်ကနေပြုတ်သွားကာ လက်ထပ်ပြီးချိန်ထိ ဇနီးနှစ်ယောက်နဲ့ မိဘအိမ်မှာကပ်နေနေရသည်။

Nge (Cele Daily)

Zawgyi

မိန္းကေလးႏွစ္ေယာက္ကို တစ္ၿပိဳင္တည္း လက္ထပ္ထားေပမယ့္ အလုပ္လက္မဲ့ျဖစ္ေနတာေၾကာင့္ လက္ထပ္ၿပီးခ်ိန္ထိ ဇနီးႏွစ္ေယာက္နဲ႔ မိဘအိမ္မွာပဲ ခိုကပ္ေနေနေသာ အသက္၂၃ႏွစ္အ႐ြယ္ေကာင္ေလး

အိမ္ေထာင္ဦးစီးျဖစ္ပါက မိသားစုစားဝတ္ေနေရးအတြက္ အလုပ္အကိုင္အတည္တက်ရွိဖို႔ အေရးႀကီးသည္။သို႔ျဖစ္၍ အင္ဒိုနီးရွားႏိုင္ငံက အသက္၂၃ႏွစ္အ႐ြယ္ လူငယ္ေလးတစ္ဦးသည္ တစ္႐ြာတည္းေနေသာ မိန္းကေလးတစ္ဦးကိုခ်စ္ႀကိဳက္ခဲ့ၿပီး မၾကာမီ တျခား႐ြာက ေကာင္မေလးတစ္ေယာက္ကိုပါ ထပ္ၿပီးခ်စ္ခြင့္ပန္ခဲ့သည္။

ထိုေကာင္ေလးရဲ႕လုပ္ရပ္ေၾကာင့္ ခ်စ္သူမိန္းကေလးႏွစ္ဦးမွာ မခံမရပ္ႏိုင္ျဖစ္ၿပီး သဝန္တိုျခင္းေတြျဖစ္ကာ စကားမ်ားရန္ျဖစ္မည္ဟုထင္ထားေပမယ့္လည္း ႏွစ္ေယာက္လုံးက တည့္တည့္ရႉရႉနဲ႔ပဲ အဆင္ေျပေနခဲ့သည္။

ေကာင္ေလးသည္ အခ်စ္ေရးမွာကံေကာင္းေနေသာ္လည္း အလုပ္အကိုင္အရ လက္ရွိအလုပ္ကေနျပဳတ္သြားကာ လက္ထပ္ၿပီးခ်ိန္ထိ ဇနီးႏွစ္ေယာက္နဲ႔ မိဘအိမ္မွာကပ္ေနေနရသည္။

Nge (Cele Daily)

  • Leave a Comment