ညာဖက်လက်မရှိတော့၍ လက်အတုကိုဝယ်ယူရန် ငွေကုန်ကြေးကျမှုများတာကြောင့် သစ်သားနဲ့လက်အတုကို ကိုယ်တိုင်ဖန်တီးပြုလုပ်ခဲ့တဲ့ လူငယ်လေး

ဘယ်လိုအခြေအနေမျိုးမှာရောက်နေပါစေ စိတ်အားထက်သန်စွာနဲ့ အရည်ချင်းရှိရှိကြိုးစားပါက လိုရာပန်းတိုင်သို့ရောက်နိုင်ကာ အခက်အခဲမှန်သမျှ ကျော်လွှားနိုင်ပေမည်။သို့ဖြစ်၍ စပိန်နိုင်ငံက အသက်၂၂နှစ်အရွယ် လူငယ်လေးတစ်ဦးသည် မတော်တဆမှုကြောင့် ညာဖက်လက်ကို ဆုံးရှုံးသွားရချိန် သာမန်လူတစ်ယောက်လိုပြုမူနေထိုင်ဖို့ ခက်ခဲခဲ့သည့်ကြားက လက်အတုကို ဖန်တီးခဲ့သည်။

လူငယ်လေးသည် လက်အတုကိုဝယ်ယူရန် ငွေကုန်ကြေးကျများပြီး ဆေးကုသမှုခံယူဖို့ကလည်း အဆင်မပြေတာကြောင့် အိမ်မှာပဲ သစ်သားကိုအသုံးပြုပြီးတော့ လှုပ်ရှားနိုင်ရန် ကြိုးလေးတွေနဲ့ထိန်းချုပ်ထားသည့် လက်တုကို ပြုလုပ်ခဲ့သည်။

လူငယ်လေးသည် လက်အတုကိုဖန်တီးရာမှာ သူ့အတွက်ပင်အသုံးဝင်ရုံမကပဲ အခြားသော မသန်စွမ်းဖြစ်နေသူများအတွက်ပါ ဈေးသက်သက်သာသာနဲ့ အသုံးပြုနိုင်တဲ့ လက်တုတွေကိုတီထွင်နိုင်ခဲ့တာကြောင့် နာမည်ကြီးကာ လူအများရဲ့လေးစားခြင်းကိုခံနေရသည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment