လူတော်တော်များများသည် သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်ကို ချစ်မြတ်နိုးပြီး လမ်းလျှောက်ထွက်ရာ၌ ခွေးလေး၊ကြောင်လေးတွေကိုပါ အတူတူခေါ်ထွက်လည်ကြသည်။သို့ဖြစ်၍ မက္ကဆီကိုနိုင်ငံမှ အမျိုးသားတစ်ဦးသည် အိမ်မွေးတိရစ္ဆာန်အဖြစ် တိုက်ကြက်ဖတစ်ကောင်ကို မွေးထားပြီး မိသားစုဝင်လိုသတ်မှတ်ကာ သံယောဇဉ်လည်းရှိခဲ့သည်။
အမျိုးသားသည် အလုပ်နားရက်မှာ ကမ်းခြေသို့အပန်းဖြေခရီးထွက်ဖို့စီစဥ်ထားသော်လည်း အတူလိုက်ပါပေးမည့်အဖော်ဆိုတာမရှိပဲဖြစ်နေခဲ့သည်။အမျိုးသားသည် ခရီးသွားသည့်အခါ သူ့ရဲ့တိုက်ကြက်ဖကို အိမ်မှာတစ်ကောင်တည်းချန်ထားခဲ့ရဖို့ စိတ်မဖြောင့်တာကြောင့် သူလည်းအဖော်ရအောင် ကြက်ဖလေးကို အလည်ခေါ်သွားခဲ့သည်။
အမျိုးသားကြီးသည် ကမ်းခြေမှာနေပူသည့်အခါ ကြက်ဖလေးအား ဦးထုပ်သေးသေးလေးဆောင်းထားပေးကာ အဝတ်လည်းဝတ်ထားပေးခြင်းဖြင့် မြင်တွေ့သူများက ရယ်မောနေကြသည်။
Nge (Cele Daily )
Zawgyi
ကမ်းခြေသို့အလည်သွားရာ၌ သူ့ရဲ့ဒေါ်လာ သိန်းချီတန်တဲ့ တိုက်ကြက်ဖကို အိမ်မှာထားခဲ့ဖို့စိတ်မချတာကြောင့် သွားလည်ရာတွင်ခေါ်သွားခဲ့သည့် အမျိုးသားတစ်ဦး
Nge (Cele Daily )