လောကကြီးတွင် မည်သည့်အရာမဆို ယုံကြည်ချက်အပြည့်နဲ့ လက်မလျှော့ပဲ ကြိုးစားပါက တစ်ချိန်ချိန်မှာ အောင်မြင်မှုကိုရှာဖွေတွေ့ရှိနိုင်သည်။ယခုတွင်လည်း တရုတ်နိုင်ငံ Chenduမြို့မှာ နေထိုင်သော ဖခင်တစ်ဦးသည် အလုပ်ပိတ်ရက်တွင် မိသားစုနဲ့အတူ ပန်းခြံသို့အလည်သွားခဲ့ပြီး ပေါ့လျော့မှုကြောင့် ၃နှစ်အရွယ် သမီးလေးကို ပျောက်ဆုံးခဲ့ရသည်။
ဖခင်သည် ရဲစခန်းနဲ့ မိဘမဲ့ဂေဟာအနှံ့လိုက်ရှာခဲ့ပေမယ့် ရှာမတွေ့တာကြောင့် နောက်ဆုံး လူများများသိဖို့နဲ့ အမြန်ဆုံးပြန်ရှာတွေ့ရန် ရည်ရွယ်ချက်နဲ့ လက်ရှိအလုပ်ကနေထွက်ကာ တက္ကစီမောင်းသမားအဖြစ် ပြောင်းလုပ်ခဲ့သည်။ဖခင်ဖြစ်သူသည် သမီးလေးကိုပြန်ရှာတွေ့ရန် တက္ကစီငှားစီးတဲ့ခရီးသည်အားလုံးကို သမီးလေးရဲ့ပုံနဲ့လက်ကမ်းစာစောင်များစွာ လိုက်ဝေပြီး ရှာတွေ့ပါက သူ့အားဆက်သွယ်ပေးရန် အကူအညီတောင်းခဲ့သည်။
ဖခင်ဖြစ်သူရဲ့ကြိုးစားမှုကြောင့် ၂၄နှစ်အကြာမှာ သမီးလေးကို ကောင်းမွန်တဲ့မွေးစားမိဘရဲ့လက်ထဲမှာကြီးပြင်းခဲ့ရတာကိုသိခဲ့ရပြီး သမီးလေးနဲ့ပြန်လည်ဆုံတွေ့ခဲ့ရသည်။
Nge (Cele Daily)
Zawgyi
၃နှစ်သမီးအရွယ်မှာပဲ ပျောက်သွားသောသမီးလေးကို လိုက်ရှာရန်အတွက် ၂၄နှစ်ကြာသည်ထိ လက်မလျှော့ပဲ အမြန်ရှာတွေ့နိုင်ဖို့ကို တက္ကစီယာဉ်မောင်းသမားအဖြစ် အလုပ်လုပ်ကိုင်ခဲ့တဲ့ ဖခင်တစ်ဦး
Nge (Cele Daily)