မင်္ဂလာပွဲနေ့လေးသည် လူတိုင်းအတွက် အရေးကြီးတာကြောင့် ကြိုစီစဥ်ကြရသော်လည်း တစ်ခါတစ်လေမှာ မျှော်လင့်ထားသလိုဖြစ်မလာပဲ ပွဲဖျတ်သိမ်းရတာတွေရှိတတ်သည်။သို့ဖြစ်၍ ကယ်လီဖိုးနီးယားပြည်နယ်မှ အသက်၃၈နှစ်အရွယ် သတို့သမီးလေးတစ်ဦးသည် ချစ်သူကောင်လေးနဲ့အတူ ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲလေးကိုကျင်းပဖို့ ဟိုတယ်တစ်ခုမှာ စီစဥ်ထားခဲ့သည်။
ကံမကောင်းစွာပဲ မင်္ဂလာပွဲကျင်းပဖို့ တစ်ပတ်လောက်အလိုမှာ သတို့သားနဲ့သတို့သမီးက စကားများရန်ဖြစ်ကြရာ သတို့သားဖက်ကနေ မင်္ဂလာပွဲကိုဖျတ်သိမ်းပစ်ခဲ့သည်။
သတို့သမီးလေးမှာ ဝမ်းနည်းရပေမယ့် ဧည့်သည်များကိုကျွေးမွေးရန် စီစဥ်ထားတဲ့ စားစရာတွေအားလုံးကို အိုးမဲ့အိမ်မဲ့ဖြစ်နေသူများအား ဖိတ်ကြားပြီး ကျွေးမွေးဧည့်ခံခဲ့ရာ မင်္ဂလာပွဲပျက်ခြင်းကြောင့် ကဲ့ရဲ့မခံရတော့ပဲ ချီးမွမ်းခြင်းများစွာကိုသာ ခံနေရသည်။
Nge (Cele Daily)
Zawgyi
ချစ်သူသက်တမ်း ၁၇ နှစ်ကြာခဲ့ပေမယ် မင်္ဂလာပွဲကျင်းပဖို့ တစ်ပတ်အလိုမှာဘဲ သတို့သားဖက်ကနေ ပွဲကိုဖျတ်သိမ်းခဲ့တာကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသူများကို စားစရာများဖိတ်ကျွေးခဲ့သော သတို့သမီးလေး
Nge (Cele Daily)