မော်ဒယ်အဖြစ်ကနေ စွန့်လွှတ်ပြီးတော့ ပိုင်ဆိုင်မှုတွေကိုရောင်းချကာ အိမ်ခြေရာမဲ့ဖြစ်နေသည့် ခွေးလေခွေးလွင့်များကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ အသက်၄၄နှစ်အရွယ် အမျိုးသား

အချို့သောသူများသည် သူတို့ရဲ့အတွေးတွေက အများနဲ့ဆန့်ကျင်ဘက်ဖြစ်နေတတ်ပြီး ဘာကိုမှဂရုမစိုက်ပဲ သူတို့ဖြစ်ချင်တဲ့လမ်းကြောင်းကိုသာ လျှောက်လမ်းကြသည်။ယခုတွင်လည်း တူရကီနိုင်ငံက အသက်၄၄နှစ်အရွယ် အမျိုးသားတစ်ဦးသည် မြို့ထဲသို့ပြောင်းလာခဲ့ပြီး အနုပညာလောကထဲဝင်ရောက်ကာ မော်ဒယ်တစ်ဦးဖြစ်လာခဲ့သည်။

အမျိုးသားသည် မော်ဒယ်ဖြစ်ပြီးနောက် မွေးရပ်မြေကမိဘအိမ်ဆီအလည်သွားခဲ့ရာမှာ အမှိုက်ပုံတွေနားမှာ အစာရှာစားနေရသော လမ်းဘေးခွေးလေခွေးလွင့်များစွာကိုတွေ့ရှိပြီး မြို့ထဲသို့ပြန်မသွားခဲ့တော့ပေ။အမျိုးသားသည် လမ်းဘေးခွေးလေခွေးလွင့်လေးတွေ ဒုက္ခရောက်နေတာကိုမြင်ပြီး စိတ်မကောင်းဖြစ်ကာ သူတို့လေးတွေကိုမွေးစားရန် မော်ဒယ်အလုပ်ကိုစွန့်လွှတ်ခဲ့သည်။

အမျိုးသားသည် အလုပ်မရှိတော့ပေမယ့် ပိုင်ဆိုင်မှုများတာကြောင့် ခွေးလေးတွေအတွက်အစာဝယ်ရန် ပိုင်ဆိုင်မှုတွေကိုရောင်းချပြီး သူ့ဘဝကိုခွေးလေးတွေနဲ့ပဲ အချိန်ကုန်စေခဲ့ရာ သူ့ရဲ့မိဘနဲ့သူငယ်ချင်းများက ဝိုင်းတားကြပေမယ့် ဂရုမစိုက်ပဲ ခွေးလေးတွေကိုကျွေးမွေးစောင့်ရှောက်ထားလျက်ရှိသည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment