လူတိုင်းက ငယ်ရွယ်နုပျိုမှုနဲ့ပက်သက်ပြီး အထူးစိတ်ဝင်စားမှုရှိရာ အသက်ကြီးပြီး ရုပ်ရည်ကအငယ်လေးဟုထင်ရကာ နာမည်ကြီးရေပန်းစားလျက်ရှိသည်။ယခုတွင်လည်း ယူကေနိုင်ငံမှ အသက်၆၀နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် ကျန်းမာရေးနဲ့ညီညွတ်သော အစားအသောက်တွေကိုသာ ရွေးချယ်စားသုံးပြီး တစ်ပတ်ကိုသုံးကြိမ် အားကစားလေ့ကျင့်ခန်းများလုပ်ဆောင်ခဲ့ခြင်းဖြင့် သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ရုပ်ရည်မှာ အသက်၃၀ကျော်အရွယ်နဲ့သာ တူနေခဲ့သည်။
အမျိုးသားကြီးသည် သားသမီးသုံးယောက်ရဲ့ဖခင်ဖြစ်ပြီး မြေး၇ယောက်ရဲ့အဖိုးလည်းဖြစ်နေပေမယ့် အသားအရည်တွန့်နေတာမျိုးလည်းမရှိပဲ တောင့်တင်းခိုင်မာသော ကြွက်သားတွေနဲ့အတူ အလန်းဇယားလေးဖြစ်နေခဲ့သည်။
ထို့ကြောင့် အပြင်ထွက်သည့်အခါ သမီးဖြစ်သူရဲ့ချစ်သူကောင်လေးနဲ့မှားနေကြပြီး အချို့သော ကောင်မလေးတွေကျတော့လည်း အသက်တူရွယ်တူထင်ပြီး ရည်းစားစကားလိုက်ပြောတာတွေလည်း ရှိခဲ့သည်။
Nge (Cele Daily)
Zawgyi
သားသမီး ၃ယောက်ရှိပြီး မြေး ၇ယောက်ရဲ့အဖိုးဖြစ်နေပေမယ့် သန်မာသောကြွက်သားတွေနဲ့ နုပျိုနေဆဲဖြစ်သော အသက်၆၀နှစ်အရွယ် အမျိုးသားကြီး
Nge (Cele Daily)