ချစ်သူကောင်လေးဖက်ကနေ လက်ထပ်ဖို့ကို အချိန်ဆွဲနေတာကြောင့် စိတ်မရှည်တော့ပဲ သူမဖက်ကစပြီးလက်ထပ်ခွင့်တောင်းခဲ့ရာ မိန်းကလေးသိက္ခာကျတယ်ဆိုပြီး အပြောခံနေရသည့်အဖြစ်

နေရာဒေသအသီးသီးရှိ ချစ်သူစုံတွဲ သို့မဟုတ် အိမ်ထောင်ပြုသည့်အခါ ကောင်လေးတွေဖက်ကနေ အရင်ဆုံးကမ်းလှမ်းရသည့်အစဥ်အလာကိုသာ ကျင့်သုံးကြသည်။သို့ဖြစ်၍ ကနေဒါနိုင်ငံမှ အသက်၂၇နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ကမ်းခြေတစ်ခုမှာ အပန်းဖြေရန် ချစ်သူကောင်လေးနဲ့အတူ ခရီးထွက်ခဲ့သည်။

မိန်းကလေးသည် ကမ်းခြေအရောက်မှာတော့ ချစ်သူကောင်လေးအား ဒူးထောက်ပြီး လက်စွပ်လေးနဲ့အတူ လက်ထပ်ခွင့်တောင်းခဲ့သည်။ပုံမှန်အားဖြင့် ကောင်လေးဖက်ကနေ စပြီးလက်ထပ်ခွင့်တောင်းတာမျိုးပဲရှိပေမယ့် ထိုမိန်းကလေးကျ သူမရဲ့ကောင်လေးမှ လက်ထပ်ဖို့ပြောလာမည့်အချိန်ကိုစောင့်မနေတော့ပဲ သူမဖက်ကနေမြန်မြန်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့သည်။

ထို့ကြောင့်ပဲ အများက မိန်းကလေး သိက္ခာကျတယ်ဆိုပြီး ပြောဆိုဝေဖန်ခဲ့ကြသည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment