သမီးဖြစ်သူမှ စင်ပေါ်မှာကပြဖျော်ဖြေနေရင်း လူအများကြီးရှေ့ ကပြဖျော်ဖြေနေရတာကြောင့် စိတ်လှုပ်ရှားပြီး ရုတ်တရက်ကကွက်မေ့နေချိန် စင်အောက်ကနေ ကကွက်ကိုပုံဖော်ပေးခဲ့သော ဖခင်

ကျောင်းလုပ်ငန်းဆောင်တာများတွင် ကလေးများအနေနဲ့ အားကစားလုပ်ခြင်း၊သီချင်းဆိုခြင်းနှင့် ကပြဖျော်ဖြေမှုများလည်းပါဝင်ရာ ထိုနေ့လေးများတွင် မိဘတို့ကလည်း စိတ်ပါဝင်စားစွာ လိုက်ပါကြရသည်။သို့ဖြစ်၍ မလေးရှားနိုင်ငံက ဖခင်တစ်ဦးသည် သမီးဖြစ်သူရဲ့ ကျောင်းကပွဲမှာ တက်ရောက်ခဲ့ပြီး သမီးလေးမှ စင်ပေါ်မှာ ကပြဖျော်ဖြေပေးနေတာကို ကြည့်နေခဲ့သည်။

သမီးဖြစ်သူသည် စင်ပေါ်မှာ လူအများကြီးရှေ့ ကပြဖျော်ဖြေရတာကြောင့် စိတ်လှုပ်ရှားပြီး ရုတ်တရက် ကကွက်ကိုမေ့သွားချိန် ဖခင်ကစင်အောက်ကနေ သမီးလေးရဲ့ကကွက်နဲ့တစ်ထပ်တည်း ကပြပုံဖော်ခဲ့သည်။

ဖခင်ဖြစ်သူသည် သမီးလေးမှ ကျောင်းကပွဲရှိတာကို အလေးထားစွာနဲ့ တစ်ပတ်လောက်အလိုကတည်းက အိမ်မှာလေ့ကျင့်ရာတွင် အစွမ်းကုန် ကူညီလေ့ကျင့်ပေးခဲ့ခြင်းကြောင့် ကကွက်အားလုံးကို အလွတ်ရနေခဲ့သည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment