ကင်ဆာရောဂါကြောင့် ဆံပင်ကိုဂတုံးတုံးလိုက်ရပြီး ဦးခေါင်းမှာလည်း ခွဲစိတ်ထားသည့်ဒဏ်ရာကြောင့် အမာရွတ်ကြီးရှိသောသားလေးကို မျက်နှာမငယ်စေလို၍ ပုံစံတူတက်တူးလိုက်ထိုးခဲ့သည့် ဖခင်တစ်ဦး

မိဘတွေသည် သူတို့ရဲ့သားသမီးနဲ့ပက်သက်လာရင် အရာရာကိုစွန့်စားရဲ စွန့်လွှတ်ရဲကြပြီး သားသမီးထိခိုက်နစ်နာစေမည့်အဖြစ်ကနေ အမြဲကာကွယ်ပေးချင်ကြသည်။သို့ဖြစ်၍ မက္ကဆီကိုမှ ဖခင်တစ်ဦးသည် အသက်၈နှစ်အရွယ် သားလေးတစ်ယောက်ရှိသော်လည်း ဦးနှောက်ကင်ဆာရောဂါကို ခံစားနေရတာကြောင့် အထူးပဲဂရုစိုက်ကာ သားလေးနေပြန်ကောင်းလာဖို့ အစွမ်းကုန် ပြုစုပေးခဲ့သည်။

သားဖြစ်သူမှာ ကင်ဆာရောဂါကြောင့် ဆံပင်ကိုဂတုံးတုံးလိုက်ရပြီး ဦးခေါင်းမှာလည်း ခွဲစိတ်ထားသည့်ဒဏ်ရာကြောင့် အမာရွတ်ကြီးကျန်နေခဲ့သည်။

ထိုအမာရွတ်ကြောင့်ပဲ သားဖြစ်သူမှာ အခြားသောကလေးတွေရဲ့စနောက်တာခံရပြီး လူအများရဲ့အကြည့်တွေကိုခံနေရတာကြောင့် ဖခင်ဖြစ်သူမှာ သားလေးကိုကာကွယ်ပေးလို၍ သူ့ရဲ့ခေါင်းမှာ သားလေးနဲ့ပုံစံတူတက်တူးလိုက်ထိုးခဲ့သည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment