မိန်းကလေးအများစုတို့သည် ငယ်စဥ်တည်းက အရုပ်မလေးတွေကိုချစ်မြတ်နိုးပြီး အရုပ်မဝယ်ဆော့တာမျိုးနဲ့ အရုပ်မတွေဝတ်စားဆင်ယင်သည့်အတိုင်း လိုက်ပြုမူနေထိုင်တာမျိုးလည်း ရှိသည်။ယခုတွင်လည်း ရုရှားနိုင်ငံက အသက်၃၃နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ငယ်စဥ်လေးတည်းက မိဘနှစ်ပါးရဲ့မင်းသမီးလေးလို နေထိုင်ခဲ့ရပြီး Barbieအရုပ်မလေးတစ်ရုပ်လိုပဲ ဝတ်စားဆင်ယင်ပေးခဲ့သည်။
မိန်းကလေးကိုယ်တိုင်ကလည်း ဝိုင်းစက်လှသောမျက်လုံးနဲ့ ဆံပင်ကလည်း အရုပ်မလေးလို ရွှေရောင်လေးဖြစ်နေရာ အရမ်းချစ်စရာကောင်းနေခဲ့သည်။မိန်းကလေးသည် အရုပ်မလေးလို အသွင်အပြင်ရှိပြီး အရမ်းလည်းချစ်စရာကောင်းတာကြောင့် မိဘနှစ်ပါးက စိတ်မချနိုင်ဖြစ်ရကာ အရိပ်တကြည့်ကြည့်နဲ့ မျက်စိအောက်က အပျောက်မခံနိုင်ဖြစ်နေကြသည်။
မိန်းကလေးသည် မော်ဒယ်အဖြစ်အနုပညာလောကထဲဝင်ရောက်ကာ နာမည်ကြီးဖြစ်ပေမယ့် ထိုအသက်အရွယ်ထိ ရည်းစားတစ်ခါမှ မထားခဲ့ဖူးသလို ယောကျာ်းလေးများနဲ့လည်း စကားမပြောဖူးပဲ ဖြစ်နေခဲ့သည်။
Nge (Cele Daily)
Zawgyi
Barbieအရုပ်မလေးလို မျက်လုံးဝိုင်းကြီးနဲ့ ရွှေရောင်ဆံပင်ရှိပြီး ချစ်စရာကောင်းတာကြောင့် မိဘနှစ်ပါးမှမျက်စိအောက်ကနေအပျောက်မခံနိုင်ဖြစ်နေရသည့် အသက်၃၃နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး
Nge (Cele Daily)