အထည်ဆိုင်တစ်ခုမှာ သမီးလေးနဲ့အတူ အဝတ်သွားဝယ်ခဲ့ရာ အပြန်ခါကျ ကိုယ့်ကလေးကိုခေါ်ဖို့မေ့နေပြီး အိမ်ကိုတစ်ယောက်တည်းပြန်ချသွားသည့် မိခင်ရဲ့အဖြစ်

လူတိုင်းနီးပါး သတိမထားမိလိုက်ချိန် တစ်စုံတစ်ခုကိုမေ့တတ်တဲ့အကျင့်လေးတွေရှိကာ တစ်ခါတစ်လေ ကိုယ်မေ့လိုက်တဲ့အရာကြောင့် ဆုံးရှုံးစရာတွေဖြစ်တတ်ပြီး တစ်ခါတစ်လေကျတော့လည်း ရယ်မောစရာဖြစ်နေတတ်ပြန်သည်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံက မိခင်တစ်ဦးသည် သမီးလေးနဲ့အတူ အထည်ဆိုင်တစ်ခုမှာ အဝတ်သွားရွေးပြီး ဝယ်ခဲ့ရာကနေ မေ့တတ်လွန်းတဲ့မိခင်ကြောင့် ဆိုင်ဝန်ထမ်းများမှ အံ့အားသင့်မိပြီး မရယ်ပဲမနေနိုင်ဖြစ်ခဲ့ကြသည်။

မိခင်ဖြစ်သူသည် သူမနဲ့လိုက်ဖက်မည့် အဝတ်စားများကို တစ်ထည်ပြီးတစ်ထည် စမ်းဝတ်ကြည့်ပြီးရွေးနေစဥ် သမီးလေးက ဆိုင်ထဲတစ်ဝိုက် ပြေးလွှားဆော့ကစားနေခဲ့သည်။မိခင်ဖြစ်သူသည် အသံကျယ်စွာ ပြေးဆော့နေသည့် သမီးလေးအား သူများဆိုင်ထဲမှာကောင်းကောင်းနေရန်အော်ခဲ့ရာ သမီးလေးမှဝမ်းနည်းပြီး ငိုယိုရင်းနဲ့ ဆိုဖာပေါ်မှာအိပ်ပျော်သွားခဲ့သည်။

သို့ပေမယ့် မိခင်ဖြစ်သူသည် သူမကြိုက်တဲ့အဝတ်စားလည်းတွေ့ရော ပိုက်ဆံရှင်းကာ ကိုယ့်ကလေးကိုပင် သတိမရတော့ပဲ ဆိုင်ထဲကနေတစ်ယောက်တည်း ထွက်သွားခဲ့သည်။ဆိုင်ဝန်ထမ်းများကလည်း မိခင်ဖြစ်သူထွက်သွားပြီးမှ အိပ်ပျော်နေသောသမီးလေးကိုတွေ့ကာ စောင်လေးခြုံပေးထားပြီး မိခင်ဖြစ်သူပြန်လာခေါ်သည့်ချိန်ထိ စောင့်ပေးခဲ့ရသည်။

Nge (Cele Daily)

Zawgyi

အထည္ဆိုင္တစ္ခုမွာ သမီးေလးနဲ႔အတူ အဝတ္သြားဝယ္ခဲ့ရာ အျပန္ခါက် ကိုယ့္ကေလးကိုေခၚဖို႔ေမ့ေနၿပီး အိမ္ကိုတစ္ေယာက္တည္းျပန္ခ်သြားသည့္ မိခင္ရဲ႕အျဖစ္

လူတိုင္းနီးပါး သတိမထားမိလိုက္ခ်ိန္ တစ္စုံတစ္ခုကိုေမ့တတ္တဲ့အက်င့္ေလးေတြရွိကာ တစ္ခါတစ္ေလ ကိုယ္ေမ့လိုက္တဲ့အရာေၾကာင့္ ဆုံးရႈံးစရာေတြျဖစ္တတ္ၿပီး တစ္ခါတစ္ေလက်ေတာ့လည္း ရယ္ေမာစရာျဖစ္ေနတတ္ျပန္သည္။ယခုတြင္လည္း ဗီယက္နမ္ႏိုင္ငံက မိခင္တစ္ဦးသည္ သမီးေလးနဲ႔အတူ အထည္ဆိုင္တစ္ခုမွာ အဝတ္သြားေ႐ြးၿပီး ဝယ္ခဲ့ရာကေန ေမ့တတ္လြန္းတဲ့မိခင္ေၾကာင့္ ဆိုင္ဝန္ထမ္းမ်ားမွ အံ့အားသင့္မိၿပီး မရယ္ပဲမေနႏိုင္ျဖစ္ခဲ့ၾကသည္။

မိခင္ျဖစ္သူသည္ သူမနဲ႔လိုက္ဖက္မည့္ အဝတ္စားမ်ားကို တစ္ထည္ၿပီးတစ္ထည္ စမ္းဝတ္ၾကည့္ၿပီးေ႐ြးေနစဥ္ သမီးေလးက ဆိုင္ထဲတစ္ဝိုက္ ေျပးလႊားေဆာ့ကစားေနခဲ့သည္။မိခင္ျဖစ္သူသည္ အသံက်ယ္စြာ ေျပးေဆာ့ေနသည့္ သမီးေလးအား သူမ်ားဆိုင္ထဲမွာေကာင္းေကာင္းေနရန္ေအာ္ခဲ့ရာ သမီးေလးမွဝမ္းနည္းၿပီး ငိုယိုရင္းနဲ႔ ဆိုဖာေပၚမွာအိပ္ေပ်ာ္သြားခဲ့သည္။

သို႔ေပမယ့္ မိခင္ျဖစ္သူသည္ သူမႀကိဳက္တဲ့အဝတ္စားလည္းေတြ႕ေရာ ပိုက္ဆံရွင္းကာ ကိုယ့္ကေလးကိုပင္ သတိမရေတာ့ပဲ ဆိုင္ထဲကေနတစ္ေယာက္တည္း ထြက္သြားခဲ့သည္။ဆိုင္ဝန္ထမ္းမ်ားကလည္း မိခင္ျဖစ္သူထြက္သြားၿပီးမွ အိပ္ေပ်ာ္ေနေသာသမီးေလးကိုေတြ႕ကာ ေစာင္ေလးၿခဳံေပးထားၿပီး မိခင္ျဖစ္သူျပန္လာေခၚသည့္ခ်ိန္ထိ ေစာင့္ေပးခဲ့ရသည္။

Nge (Cele Daily)

  • Leave a Comment