သူငယ်ချင်းတွေနဲ့ တစ်နေရာရာသွားသည့်အခါ ချစ်သူကောင်မလေး၊ကောင်လေးများသည် စိတ်မချပဲ သဝန်တိုစိတ်နဲ့ပေးမသွားတာမျိုး လိုက်ပိတ်ပင်ကြတာမျိုးတွေပြုလုပ်တတ်ကြသည်။ယခုတွင်လည်း ဘော့စတွန်မှ ကောင်လေးတစ်ဦးသည် သူငယ်ချင်းတွေနဲ့အပန်းဖြေခရီးထွက်ဖို့တိုင်ပင်ထားသော်လည်း သွားခါနီးမှ ချစ်သူကောင်မလေးကပေးမသွား၍ နေခဲ့ရသည်။
ကောင်လေးသည် သူငယ်ချင်းတွေနဲ့လိုက်ချင်သော်လည်း ချစ်သူကောင်မလေးရဲ့စကားကို မလွန်ဆန်ရဲတာကြောင့် ဝမ်းနည်းပြီးကျန်ခဲ့ရာ သူ့ရဲ့သူငယ်ချင်းအုပ်စုမှ ဓာတ်ပုံပိုစတာကြီးကို ခရီးသွားလေရာ ယူသွားခဲ့ကြသည်။
သူငယ်ချင်းဖြစ်သူတွေက ထိုကောင်လေးရဲ့ဓာတ်ပုံပိုစတာကြီးကို သူတို့သွားတဲ့နေရာတိုင်း ယူသွားကာ အမှတ်တရဓာတ်ပုံရိုက်တိုင်းလည်း ထည့်ရိုက်ပါပြီး သူတို့နဲ့အတူ ပျော်ရွှင်စေခဲ့သည်။
Nge (Cele Daily)
Zawgyi
ချစ်သူကောင်မလေးကြောင့် အပန်းဖြေခရီးမလိုက်ပါလာခဲ့ရသော သူငယ်ချင်းအား သနားပြီး သူ့ရဲ့ဓာတ်ပုံပိုစတာကိုပဲ ခေါ်လည်ခဲ့ကြသည့်အဖြစ်
Nge (Cele Daily)