မိဘတို့သည် သူတို့ရဲ့သားသမီးကို ဒုက္ခရောက်မှာစိုး၍ အပျိုကြီး လူပျိုကြီးလုပ်ခိုင်းတာမျိုးရှိသလို အိမ်ထောင်ကျပြီးတော့ ကိုယ်ပိုင်မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေသွားတာကို မြင်ချင်ကြတာမျိုးရှိသည်။သို့ဖြစ်၍ တရုတ်နိုင်ငံ Henanပြည်နယ် Xinxiangမှ အသက်၃၈နှစ်အရွယ် လူပျိုကြီးကောင်လေးသည် အချစ်ရေးကိုစိတ်မဝင်စားပဲ အလုပ်ကိုသာအာရုံစိုက်ဖိအားပေးပြီးလုပ်ခဲ့သည်။ကောင်လေးက အလုပ်အရမ်းလုပ်ပေမယ့် မိခင်ကသဘောမကျပဲ သူ့ရဲ့မောင်နှမတွေလို အိမ်ထောင်မြန်မြန်ကျပြီး ကိုယ်ပိုင်မိသားစုလေးနဲ့ အတည်တကျ ဖြစ်စေချင်ခဲ့သည်။
ထို့ကြောင့် မိခင်ဖြစ်သူမှာ သားလေးကထိုအသက်အရွယ်ထိ အိမ်ထောင်ကျဖို့နေနေသာ ရည်းစားပင်တစ်ယောက်မှမရှိသေးတာကြောင့် စိတ်ပူနေပြီး သူ့သားSingleဖြစ်နေရတဲ့ အကြောင်းရင်းမှန်ကိုသိရဖို့ စိတ်ရောဂါကုသတဲ့ဆရာဝန်နဲ့ ခေါ်သွားပြခဲ့သည်။
မိခင်ဖြစ်သူသည် သားလေးကို ဆရာဝန်နဲ့ပြသနေတာ ၄နှစ်အကြာရှိခဲ့ပေမယ့် သားဖြစ်သူရဲ့ရောဂါအဖြေကို ရှာမရပဲ သူမကိုယ်တိုင်ကသာ စိတ်ဖိစီးမှုများတဲ့ရောဂါရနေကြောင်းတွေ့ရှိခဲ့သည်။ထိုအဖြစ်ကြောင့် သားဖြစ်သူမှာလည်း စိတ်မကောင်းဖြစ်ရကာ အလုပ်ကိုပိုကြိုးစားပြီး အမြန်ဆုံးလက်ထပ်နိုင်ဖို့ စီစဥ်နေကြောင်း သိရသည်။
Nge (Cele Daily)
Zawgyi
သားဖြစ်သူက အသက်၃၈နှစ်ရှိပြီဖြစ်ပေမယ့် ရည်းစားတစ်ယောက်မှမရှိသေးတာကြောင့် Singleဖြစ်နေရတဲ့အကြောင်းရင်းကိုသိရဖို့ ဆေးရုံခေါ်သွားပြခဲ့သည့်မိခင်
Nge (Cele Daily)