ဆရာမဖြစ်သူရဲ့မွေးနေ့မှာ လက်ဆောင်ဝယ်ပေးဖို့ ပိုက်ဆံမရှိလို့ အိမ်ကတိုက်ကြက်ဖတစ်ကောင်ကို ဖမ်းလာပြီး လက်ဆောင်ပေးခဲ့သည့် တပည့်လေး

ကျေးလက်ဒေသရှိ ကလေးငယ်များသည် အင်မတန်မှဖြူစင်ရိုးသားကြပြီး ဆရာဆရာမများအပေါ်လည်း ရိုသေကိုင်းရှိုင်းကြသည်။ယခုတွင်လည်း မက္ကဆီကိုနိုင်ငံ ကျေးလက်ဒေသရှိ မူလတန်းစာသင်ကျောင်းတစ်ကျောင်းမှာ စာသင်ကြားပြသပေးနေသော ဆရာမလေးတစ်ဦးသည် သူမရဲ့မွေးနေ့တွင် ထူးခြားစွာဖြင့် တပည့်တစ်ယောက်ဆီကနေ ကြက်ဖတစ်ကောင်ကို လက်ဆောင်ရရှိခဲ့သည်။

တပည့်ဖြစ်သူမှာ ဆရာမလေးရဲ့မွေးနေ့အတွက် လက်ဆောင်ဝယ်ပေးချင်သော်လည်း ငွေကြေးမတတ်နိုင်တာကြောင့် အိမ်မှာမွေးထားသောကြက်တွေထဲက အလှဆုံးကြက်ဖတစ်ကောင်ကို ဖမ်းလာပြီးတော့ ပေးခဲ့သည်။

ဆရာမလေးသည်လည်း တပည့်ဖြစ်သူရဲ့လက်ဆောင်ကိုမြင်ပြီး အံ့အားသင့်မိကာ တပည့်လေးရဲ့ရိုးသားဖြူစင်သော လက်ဆောင်လေးကြောင့် သဘောကျပြီးရယ်မောနေခဲ့သည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment