လမ်းခရီးအဆင်မပြေ၍ မြစ်ထဲမှာရေဆင်းကူးပြီးတော့ တပည့်လေးတွေကို စာသင်ကြားပေးခဲ့သည့် ဆရာတစ်ဦး

ဆရာ ဆရာမဟူသည် တပည့်လေးတွေအပေါ်မှာ ပညာတတ်စေလိုသည့်စိတ်တစ်ခုတည်းနဲ့ ခက်ခဲနေပါစေ အနစ်နာခံပြီး စာသင်ကြားပေးဖို့သာ ဦးစားပေးခဲ့ကြသည်။ယခုတွင်လည်း အိန္ဒိယနိုင်ငံ Keralaရှိ ကျေးလက်ဒေသစာသင်ကျောင်းတစ်ကျောင်းမှာ ပညာသင်ကြားပေးနေသော အသက်၄၀ကျော်အရွယ် ဆရာတစ်ဦးသည် သူ့အိမ်ကနေကျောင်းသို့လာရန် ၂နာရီအကြာလမ်းလျှောက်ရမည့်အစား ကျောင်းကိုမြန်မြန်ရောက်နိုင်မယ့် ဖြတ်လမ်းကိုရွေးချယ်ခဲ့သည်။

ဆရာဖြစ်သူသည် လမ်းမှာပဲအချိန်ကုန်နေမည့်တူတူ ဖြတ်လမ်းဖြစ်တဲ့ ရွာထဲကမြစ်ကို ကူးခတ်သွားလာရန် စွန့်စားခဲ့ပြီး ကျောင်းသို့ရောက်အောင်သွားကာ စာသင်ကြားပေးခဲ့သည်။ဆရာဖြစ်သူသည် သူ့ရဲ့အဝတ်အစားတွေကို ရေမစိုအောင် ပလက်စတစ်အိတ်တစ်လုံးမှာထည့်ပြီး ရေကလည်းပခုံးထိနက်တာကြောင့် ကျွတ်ဖော့ကိုအသုံးပြုပြီး မြစ်ရေထဲမှာ ကူးခတ်သွားလာခဲ့သည်။

ဆရာဖြစ်သူသည် ၁၂နှစ်အတွင်း ရေထဲကူးခတ်သွားလာနေရသော်လည်း စာသင်ကျောင်းရောက်သည့်အခါ တပည့်လေးတွေရဲ့နွေးထွေးစွာကြိုဆိုသောအပြုံးတွေကြောင့် ဘယ်လောက်ပဲခက်ခဲနေပါစေ လက်မလျှော့ပဲ စာသင်ကြားပေးခဲ့သည်။

Nge (Cele Daily)

Zawgyi

လမ္းခရီးအဆင္မေျပ၍ ျမစ္ထဲမွာေရဆင္းကူးၿပီးေတာ့ တပည့္ေလးေတြကို စာသင္ၾကားေပးခဲ့သည့္ ဆရာတစ္ဦး

ဆရာ ဆရာမဟူသည္ တပည့္ေလးေတြအေပၚမွာ ပညာတတ္ေစလိုသည့္စိတ္တစ္ခုတည္းနဲ႔ ခက္ခဲေနပါေစ အနစ္နာခံၿပီး စာသင္ၾကားေပးဖို႔သာ ဦးစားေပးခဲ့ၾကသည္။ယခုတြင္လည္း အိႏၵိယႏိုင္ငံ Keralaရွိ ေက်းလက္ေဒသစာသင္ေက်ာင္းတစ္ေက်ာင္းမွာ ပညာသင္ၾကားေပးေနေသာ အသက္၄၀ေက်ာ္အ႐ြယ္ ဆရာတစ္ဦးသည္ သူ႔အိမ္ကေနေက်ာင္းသို႔လာရန္ ၂နာရီအၾကာလမ္းေလွ်ာက္ရမည့္အစား ေက်ာင္းကိုျမန္ျမန္ေရာက္ႏိုင္မယ့္ ျဖတ္လမ္းကိုေ႐ြးခ်ယ္ခဲ့သည္။

ဆရာျဖစ္သူသည္ လမ္းမွာပဲအခ်ိန္ကုန္ေနမည့္တူတူ ျဖတ္လမ္းျဖစ္တဲ့ ႐ြာထဲကျမစ္ကို ကူးခတ္သြားလာရန္ စြန႔္စားခဲ့ၿပီး ေက်ာင္းသို႔ေရာက္ေအာင္သြားကာ စာသင္ၾကားေပးခဲ့သည္။ဆရာျဖစ္သူသည္ သူ႔ရဲ႕အဝတ္အစားေတြကို ေရမစိုေအာင္ ပလက္စတစ္အိတ္တစ္လုံးမွာထည့္ၿပီး ေရကလည္းပခုံးထိနက္တာေၾကာင့္ ကြၽတ္ေဖာ့ကိုအသုံးျပဳၿပီး ျမစ္ေရထဲမွာ ကူးခတ္သြားလာခဲ့သည္။

ဆရာျဖစ္သူသည္ ၁၂ႏွစ္အတြင္း ေရထဲကူးခတ္သြားလာေနရေသာ္လည္း စာသင္ေက်ာင္းေရာက္သည့္အခါ တပည့္ေလးေတြရဲ႕ေႏြးေထြးစြာႀကိဳဆိုေသာအၿပဳံးေတြေၾကာင့္ ဘယ္ေလာက္ပဲခက္ခဲေနပါေစ လက္မေလွ်ာ့ပဲ စာသင္ၾကားေပးခဲ့သည္။

Nge (Cele Daily)

  • Leave a Comment