မိဘတို့သည် သားသမီးတွေအတွက်ဆို အမြဲရဲရင့်ကြံ့ခိုင်ကာ အခက်အခဲတွေကျော်လွှားနိုင်ဖို့ ရှေ့မှာမားမားမတ်မတ်ရပ်တည်နိုင်အောင် အမြဲကြိုးစားတတ်ကြသည်။ယခုတွင်လည်း ဘရာဇီးလ်နိုင်ငံက မိခင်တစ်ဦးသည် အသက်၁၄နှစ်အရွယ် သားလေးတစ်ယောက်ရှိရာ မွေးကတည်းက အသည်းမကောင်းပဲ ချို့ယွင်းချက်ရှိနေတာကြောင့် ဆေးရုံဆေးခန်းကို အဆက်မပြတ်သွားကုသခဲ့ရသည်။
ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်း မိခင်မှာတွယ်တာစရာဆိုလို့ သားလေးတစ်ယောက်တည်းပဲကျန်တော့၍ ထပ်ပြီးမဆုံးရှုံးရဖို့ သားလေးကိုသေသေချာချာဂရုစိုက်ပေးဖို့ရာ သူ့ရဲ့ရောဂါနဲ့ပက်သက်ပြီးလေ့လာရန် သူနာပြုသင်တန်းတက်ခဲ့သည်။
မိခင်ဖြစ်သူသည် အသက်ကြီးခါမှ သားလေးရဲ့ရောဂါကိုဂရုစိုက်ပြုစုစောင့်ရှောက်ပေးလို၍ သူနာပြုသင်တန်းတက်ခဲ့တာကို အများကသိရှိသောအခါ လေးစားဂုဏ်ပြုခဲ့ကြသည်။
Nge (Cele Daily)
Zawgyi
အသည်းရောဂါရှိတဲ့သားဖြစ်သူကို သေချာဂရုစိုက်ပြီး ပြုစုစောင့်ရှောက်ပေးဖို့အတွက် အသက်ကြီးမှ သူနာပြုသင်တန်းတက်ခဲ့တဲ့ မိခင်
Nge (Cele Daily)