ပိုက်ဆံပိုရချင်တာကြောင့် သတို့သားရဲ့အဆိုပြုချက်ကို လက်မခံပဲ မူနေခဲ့ရာမှ ပန်းစည်းကိုလွှင့်ပစ်ကာ မင်္ဂလာပွဲပျက်ခဲ့ရသည့်အဖြစ်

အိမ်ထောင်ပြုသည့်အခါ ချစ်နေရုံနဲ့မပြီးပဲ တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုလေးရှိမှသာလျှင် ရေရှည်လက်တွဲသွားဖို့ဖြစ်နိုင်သည်။သို့ဖြစ်၍ တရုတ်နိုင်ငံက ကျင်းပပြုလုပ်သော မင်္ဂလာပွဲလေးတွင် သတို့သားဖြစ်သူသည် စင်ပေါ်မှာ ဧည့်သည်အများရှေ့၌ ဒူးထောက်ကာ သတို့သမီးလေးအား ပန်းစည်းလေးနဲ့အတူ လက်ထပ်နိုင်မလားဆိုပြီး အဆိုပြုခဲ့သည်။

သတို့သားသည် သုံးကြိမ်တိုင်တိုင်မေးနေခဲ့ပေမယ့် သတို့သမီးဖြစ်သူမှာ ဘာစကားတစ်ခွန်းမှမဆိုပဲ တိတ်ဆိတ်ပြီးမူနေတာကြောင့် သတို့သားလည်းစိတ်ပျက်ဝမ်းနည်းပြီး ပန်းစည်းကိုလွှင့်ပစ်ကာ မင်္ဂလာပွဲကထွက်သွားခဲ့သည်။

သတို့သမီးမှ ထိုသို့သွေးအေးနေသည့်အကြောင်းရင်းမှာ မင်္ဂလာပွဲစခါနီး သတို့သားဆီကနေ ပိုက်ဆံပိုပေးရန်တောင်းခဲ့ပေမယ့် လက်မခံခဲ့တာကြောင့် ဖြစ်သည်။သတို့သမီးသည် အနည်းငယ်ဝမ်းနည်းသွားပုံရပေမယ့် ထွက်သွားသောသတို့သားနောက်လည်း ပြေးလိုက်မဆွဲခဲ့တာကြောင့် ကြည်နူးစရာကောင်းတဲ့ မင်္ဂလာပွဲလေးမှာ ပျက်သွားခဲ့ရသည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment