မိဘတို့သည် သားသမီးတွေရဲ့ရှေ့ရေးကိုစဥ်းစားပြီး သူတို့ကိုယ်သူတို့ကျ အခြားပျော်ရွှင်စရာများကို မမက်မောကြတော့ပဲ စားဝတ်နေရေးအဆင်ပြေဖို့သာ တွေးလာကြသည်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံက မိဘနှစ်ပါးသည် တစ်ချိန်လုံး အလုပ်တွေပဲကြိုးစားကာ သူတို့အတွက်ငွေဖြုန်းခဲ့တာမျိုးမရှိပဲ သမီးဖြစ်သူကိုသာ ပညာတတ်ကြီးဖြစ်အောင် ထောက်ပံ့ပေးခဲ့ကြသည်။
သမီးဖြစ်သူကလည်း ဘွဲရပြီးအလုပ်ရချိန် မိဘနှစ်ပါးမလုပ်ဖူးတဲ့အရာ မစားဖူးတဲ့အရာနဲ့ မရောက်ဖူးတဲ့နေရာများသို့ ခေါ်သွားလည်ရန် စီစဥ်ထားပြီး ပထမဆုံးအနေနဲ့ ရုပ်ရှင်ရုံလိုက်ပြခဲ့သည်။မိဘနှစ်ပါးသည် ရုပ်ရှင်တစ်ခါမှမကြည့်ခဲ့ဖူးသလို ပထမဆုံးအကြိမ်မှာ သမီးလေးကလိုက်ပြခဲ့တာကြောင့် ပေါက်ပေါက်ဆုပ်စားရင်း အပျော်ကြီးပျော်နေရှာသည်။
ထို့အပြင် မိဘနှစ်ပါးသည် ပျော်နေပေမယ့်လည်း ရုပ်ရှင်လက်မှတ်ခအတွက် သမီးလေးပိုက်ဆံအများကြီးကုန်ကျမည်ကို စိုးရိမ်တကြီးနဲ့ မေးမြန်းခဲ့သောအဖြစ်လေးသည် မြင်တွေ့သူတိုင်းကို ကြည်နူးပီတိဖြစ်စေခဲ့သည်။
Nge (Cele Daily)
ဘဝမှာ တစ်ကြိမ်တစ်ခါမှရုပ်ရှင်မကြည့်ဖူးသောကြောင့် ပထမဆုံးအကြိမ်အဖြစ် သွားကြည့်ရာတွင် စိတ်လှုပ်ရှားပြီးပျော်နေရှာတဲ့ မိဘနှစ်ပါး
Nge (Cele Daily)