ခြံထဲမှာမွေးမြူထားသော ငန်းလေးတွေရဲ့အမွှေးတွေကို စုဆောင်းထားပြီး ဇနီးသည်အတွက် အနွေးထည်ချုပ်ပေးခဲ့သော ခင်ပွန်း

လူတိုင်းက ကိုယ်ချစ်တဲ့သူကို အဖိုးမဖြတ်နိုင်သော လက်ဆောင်ပစ္စည်းတွေကို ရွေးချယ်ပေးတတ်ကြပြီး အလွယ်တကူဝယ်ယူခြင်းထက် ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ပေးသောလက်ဆောင်က ဘယ်လိုအရာပဲဖြစ်နေပါစေ တန်ဖိုးလှရှိသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ Hunanပြည်နယ်မှ ခင်ပွန်းသည်တစ်ဦးသည် စီးပွားရေးလုပ်ငန်းအနေနဲ့ မွေးမြူရေးကိုဝါသနာပါခဲ့ရာ မြို့ပေါ်အလုပ်မလုပ်စားပဲ ကျေးလက်ဒေသမှာပဲ ငန်းများစွာမွေးမြူခဲ့သည်။ခင်ပွန်းဖြစ်သူသည် ရွာမှာငန်းမွေးရင်းအလုပ်ကြိုးစားကာ ပိုက်ဆံရှာပြီးတော့ မြို့ထဲမှာကျန်ခဲ့တဲ့ဇနီးဖြစ်သူဆီ ငွေပြန်ပို့ပေးရင်းနဲ့ အနွေးထည်အင်္ကျီလေးကိုပါ လက်ဆောင်ပေးခဲ့သည်။

ထိုအနွေးထည်လေးသည် ရိုးရိုးဆိုင်ကဝယ်ပေးတာမျိုးမဟုတ်ပဲ ခြံမှာမွေးထားတဲ့ငန်းတွေဆီက အမွှေးအတောင်များကို စုဆောင်းထားပြီး ဆောင်းတွင်းမှာနွေးထွေးစေဖို့ ကိုယ်တိုင်အင်္ကျီကိုချုပ်ပေးခဲ့ခြင်းဖြစ်သည်။

Nge (Cele Daily)

Zawgyi

ၿခံထဲမွာေမြးျမဴထားေသာ ငန္းေလးေတြရဲ႕အေမႊးေတြကို စုေဆာင္းထားၿပီး ဇနီးသည္အတြက္ အေႏြးထည္ခ်ဳပ္ေပးခဲ့ေသာ ခင္ပြန္း

လူတိုင္းက ကိုယ္ခ်စ္တဲ့သူကို အဖိုးမျဖတ္ႏိုင္ေသာ လက္ေဆာင္ပစၥည္းေတြကို ေ႐ြးခ်ယ္ေပးတတ္ၾကၿပီး အလြယ္တကူဝယ္ယူျခင္းထက္ ကိုယ့္ရဲ႕ႀကိဳးစားအားထုတ္မႈနဲ႔ေပးေသာလက္ေဆာင္က ဘယ္လိုအရာပဲျဖစ္ေနပါေစ တန္ဖိုးလွရွိသည္။

သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံ Hunanျပည္နယ္မွ ခင္ပြန္းသည္တစ္ဦးသည္ စီးပြားေရးလုပ္ငန္းအေနနဲ႔ ေမြးျမဴေရးကိုဝါသနာပါခဲ့ရာ ၿမိဳ႕ေပၚအလုပ္မလုပ္စားပဲ ေက်းလက္ေဒသမွာပဲ ငန္းမ်ားစြာေမြးျမဴခဲ့သည္။ခင္ပြန္းျဖစ္သူသည္ ႐ြာမွာငန္းေမြးရင္းအလုပ္ႀကိဳးစားကာ ပိုက္ဆံရွာၿပီးေတာ့ ၿမိဳ႕ထဲမွာက်န္ခဲ့တဲ့ဇနီးျဖစ္သူဆီ ေငြျပန္ပို႔ေပးရင္းနဲ႔ အေႏြးထည္အက်ႌေလးကိုပါ လက္ေဆာင္ေပးခဲ့သည္။

ထိုအေႏြးထည္ေလးသည္ ႐ိုး႐ိုးဆိုင္ကဝယ္ေပးတာမ်ိဳးမဟုတ္ပဲ ၿခံမွာေမြးထားတဲ့ငန္းေတြဆီက အေမႊးအေတာင္မ်ားကို စုေဆာင္းထားၿပီး ေဆာင္းတြင္းမွာေႏြးေထြးေစဖို႔ ကိုယ္တိုင္အက်ႌကိုခ်ဳပ္ေပးခဲ့ျခင္းျဖစ္သည္။

Nge (Cele Daily)

  • Leave a Comment