ပင်လယ်ကမ်းစပ်မှာသွားရောက်ပြီးတော့ မြေကြီးကာအိမ်လေးဆောက်ကာ ဘဝကိုတစ်ယောက်တည်းအေးချမ်းစွာဖြတ်သန်းနေထိုင်ခဲ့တဲ့ အငြိမ်းစားကျောင်းဆရာတစ်ဦး

အချို့သောသူများသည် ဘာကိုမှမမက်မောပဲ စိတ်အေးလက်အေးနဲ့ ဘဝကိုသာ ဖြတ်သန်းနေထိုင်လိုသည့်အခါ အရာရာကိုစွန့်လွှတ်ပစ်ဖို့လည်း ဝန်မလေးတတ်ကြပေ။သို့ဖြစ်၍ ထိုင်ဝမ်နိုင်ငံက အငြိမ်းစားကျောင်းဆရာတစ်ဦးသည် အိမ်ထောင်မပြုခဲ့ပဲ တစ်ယောက်တည်း ပင်လယ်ကမ်းစပ်မှာသွားရောက်ပြီးတော့ နေထိုင်ခဲ့သည်။

ဆရာဖြစ်သူသည် နှစ်ပေါင်း၃၀အကြာ စာသင်ကျောင်းမှာ သင်္ချာဘာသာရပ်ကိုသင်ကြားခဲ့ပြီး အလုပ်ကအနားယူချိန် အေးချမ်းလှသော ပင်လယ်ကမ်းစပ်မှာ ပကာသနတွေမပါတဲ့ မြေကြီးကာအိမ်လေးကိုသာ ဆောက်လုပ်ခဲ့သည်။

မြေကြီးကာအိမ်ဖြစ်သော်လည်း အထဲမှာမှောင်မည်းမနေပဲ အပေါက်လေးတွေဆီကနေ အလင်းရောင်ရရှိကာ မိုးဒဏ်လေဒဏ်ခံနိုင်သည့် အိမ်မျိုးကိုကိုယ်တိုင်ဒီဇိုင်းဆွဲပြီး နေထိုင်ခဲ့ရာ သူ့ရဲ့ဘဝလေးမှာ အပူအပင်တွေမရှိပဲ တကယ်ကိုအေးချမ်းလှသည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment