မိသားစုစားဝတ်နေရေးအခက်အခဲဖြစ်သည့်အခါ မောင်နှမထဲမှာ အကြီးဆုံးဖြစ်သူက ပိုပြီးပူပန်တွေးတောရကာ အဆင်ပြေမည့် နည်းလမ်းကိုရှာဖွေကြသည်။ယခုတွင်လည်း တရုတ်နိုင်ငံ အရှေ့ပိုင်း Shandongပြည်နယ်မှ အသက်၁၀နှစ်အရွယ် ကလေးမလေးတစ်ဦးသည် အေးချမ်းလှသောဆောင်းရာသီမှာ ညဖက်တွေထိ ကန်စွန်းဥရောင်းပြီး ဝင်ငွေရှာခဲ့သည်။
ကလေးမလေးရဲ့ညီမဖြစ်သူမှာ သွေးကင်ဆာရောဂါခံစားနေရတာကြောင့် ဆေးရုံမှာညီမလေးကိုပြုစုဖို့အတွက် မိခင်က အလုပ်ထွက်လိုက်ရတာကြောင့် ဝင်ငွေလျော့သွား၍ အကြွေးများစွာတင်နေခဲ့သည်။
မိဘနှစ်ပါးက ဆေးရုံမှာပဲရှိနေရပြီး ကလေးမလေးက အဖွားဖြစ်သူနဲ့အိမ်မှာကျန်ခဲ့ရကာ အကြွေးများနေတာသိနေ၍ ကျောင်းပိတ်ရက် သို့မဟုတ် ကျောင်းဆင်းချိန်လေးမှာ လမ်းဘေးတွင်အိမ်စာလုပ်ရင်း ကန်စွန်းဥရောင်းပြီးတော့ ညီမလေးအတွက် ဆေးဖိုးတွေထည့်ပေးခဲ့သည်။
Nge (Cele Daily)
Zawgyi
သွေးကင်ဆာဖြစ်နေတဲ့ ညီမလေးရဲ့ဆေးဖိုးဝါးခအတွက် လမ်းဘေးမှာ ကန်စွန်းဥထိုင်ရောင်းနေသော အသက်၁၀နှစ်အရွယ် ကလေးမလေး
Nge (Cele Daily)