လမ်းခရီးကြမ်း၍ ဆိုင်ကယ်ခဏခဏမှောက်ဖူးပေမယ့် ကလေးတွေကို ပညာတတ်အောင် စာသင်ပေးဖို့ လက်မလျှော့ခဲ့သော ဆရာမချောချောလေး

မည်သူမဆို ခက်ခဲမှုကိုမနှစ်သက်ကြပဲ လွယ်ကူတဲ့လမ်းစဥ်ကိုသာလိုက်ရန် ကြိုးစားတတ်ကြပေမယ့် ကိုယ်အဆင်ပြေဖို့တစ်မျိုးတည်းမရှိတဲ့ အချို့သောသူများရဲ့စိတ်ဓာတ်သည် လေးစားဖွယ်ရာကောင်းသည်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံက အသက်၃၂နှစ်အရွယ် မိန်းကလေးတစ်ဦးသည် မြို့ထဲမှာနေပြီး ဘွဲ့ရပြီးသော်လည်း အခြားသောသူငယ်ချင်းတွေလို ကုမ္ပဏီတွေမှာအလုပ်မလုပ်ပဲ ကျောင်းဆရာမအဖြစ်သာ တာဝန်ထမ်းဆောင်ဖို့ဆုံးဖြတ်ခဲ့သည်။

ထိုမိန်းကလေးသည် မြို့ထဲစာသင်ကျောင်းတွေထက် ဆရာ၊ဆရာမပိုလိုအပ်သည့် ကျေးလက်ဒေသရှိ စာသင်ကျောင်းမှာ အလုပ်လျှောက်ခဲ့သည်။ဆရာမလေးတာဝန်ကျသည့် စာသင်ကျောင်းမှာ အိမ်နဲ့ကီလိုမီတာ ၄၀ကွာဝေးပြီး လမ်းခရီးကလည်း ကြမ်းတမ်းကာ မိုးတွင်းတစ်တွင်းလုံး ရွှံ့ဗွက်တွေဖြစ်နေ၍ ဆိုင်ကယ်မှာခဏခဏမှောက်ခဲ့သည်။

သို့ပေမယ့်လည်း ဆရာမလေးသည် တပည့်လေးတွေအပေါ် စာတတ်မြောက်စေချင်ပြီး ကျောင်းသားမိဘတွေကလည်း ဆရာမလေးအပေါ် ဖော်ရွေလွန်းတာကြောင့် ကျောင်းမပြောင်းပဲ လုပ်ကိုင်ခဲ့သည်။

Nge (Cele Daily)

Zawgyi

လမ္းခရီးၾကမ္း၍ ဆိုင္ကယ္ခဏခဏေမွာက္ဖူးေပမယ့္ ကေလးေတြကို ပညာတတ္ေအာင္ စာသင္ေပးဖို႔ လက္မေလွ်ာ့ခဲ့ေသာ ဆရာမေခ်ာေခ်ာေလး

မည္သူမဆို ခက္ခဲမႈကိုမႏွစ္သက္ၾကပဲ လြယ္ကူတဲ့လမ္းစဥ္ကိုသာလိုက္ရန္ ႀကိဳးစားတတ္ၾကေပမယ့္ ကိုယ္အဆင္ေျပဖို႔တစ္မ်ိဳးတည္းမရွိတဲ့ အခ်ိဳ႕ေသာသူမ်ားရဲ႕စိတ္ဓာတ္သည္ ေလးစားဖြယ္ရာေကာင္းသည္။ယခုတြင္လည္း ဗီယက္နမ္ႏိုင္ငံက အသက္၃၂ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးသည္ ၿမိဳ႕ထဲမွာေနၿပီး ဘြဲ႕ရၿပီးေသာ္လည္း အျခားေသာသူငယ္ခ်င္းေတြလို ကုမၸဏီေတြမွာအလုပ္မလုပ္ပဲ ေက်ာင္းဆရာမအျဖစ္သာ တာဝန္ထမ္းေဆာင္ဖို႔ဆုံးျဖတ္ခဲ့သည္။

ထိုမိန္းကေလးသည္ ၿမိဳ႕ထဲစာသင္ေက်ာင္းေတြထက္ ဆရာ၊ဆရာမပိုလိုအပ္သည့္ ေက်းလက္ေဒသရွိ စာသင္ေက်ာင္းမွာ အလုပ္ေလွ်ာက္ခဲ့သည္။ဆရာမေလးတာဝန္က်သည့္ စာသင္ေက်ာင္းမွာ အိမ္နဲ႔ကီလိုမီတာ ၄၀ကြာေဝးၿပီး လမ္းခရီးကလည္း ၾကမ္းတမ္းကာ မိုးတြင္းတစ္တြင္းလုံး ႐ႊံ႕ဗြက္ေတြျဖစ္ေန၍ ဆိုင္ကယ္မွာခဏခဏေမွာက္ခဲ့သည္။

သို႔ေပမယ့္လည္း ဆရာမေလးသည္ တပည့္ေလးေတြအေပၚ စာတတ္ေျမာက္ေစခ်င္ၿပီး ေက်ာင္းသားမိဘေတြကလည္း ဆရာမေလးအေပၚ ေဖာ္ေ႐ြလြန္းတာေၾကာင့္ ေက်ာင္းမေျပာင္းပဲ လုပ္ကိုင္ခဲ့သည္။

Nge (Cele Daily)

  • Leave a Comment