ရုပ်လည်းမချော အရပ်ကလည်းပုတုတုလေးဖြစ်နေ၍ တစ်သက်လုံးမိန်းမမရနိုင်တော့ပူးဟု တွေးထားပေမယ့် အချစ်စစ်နဲ့တွေ့သွားခဲ့သည့် လူပျိုကြီး

လူတိုင်းက ပြည့်စုံခြင်းတွေနဲ့ မွေးဖွားလာတာမျိုးမဟုတ်သော်လည်း အချို့သောသူများသည် သာမန်လူတွေထက် ချို့ယွင်းချက်နဲ့မွေးလာရသည့်အခါ လူအများကြား မတိုးဝံ့ပဲ သိမ်ငယ်ကြရသည်။သို့ဖြစ်၍ တရုတ်နိုင်ငံ Shandongပြည်နယ်မှ အသက်၃၉နှစ်အရွယ် အမျိုးသားတစ်ဦးသည် ငယ်စဥ်လေးတည်းက အရပ်ပုရောဂါကိုခံစားခဲ့ရပြီး အသက်အရွယ်နဲ့ရုပ်ရည်အရ ရင့်ရော်နေသော်လည်း အရပ်အမောင်းက ၃ပေကျော်ကျော်သာရှိခဲ့သည်။

အမျိုးသားကြီးသည် သူ့ရဲ့အရပ်အမောင်းကြောင့် ကဲ့ရဲ့ခံရလွန်း၍ ကျောင်းပြီးအောင်မတက်တော့ပဲ အသက်မွေး၀မ်းကျောင်းပြုရန် လျှပ်စစ်ပစ္စည်းပြင်ဆိုင်မှာ အလုပ်လုပ်ခဲ့သည်။အမျိုးသားကြီးသည် လုပ်ငန်းအပေါ် စိတ်ဝင်စားမှုနဲ့ ကြိုးစားမှုတို့ကြောင့် လျင်မြန်စွာတတ်မြောက်နိုင်ခဲ့ပြီး ကိုယ်ပိုင်လျှပ်စစ်ပစ္စည်းအဟောင်းပြင်ဆိုင်လေးဖွင့်ကာ အတည်တကျ စီးပွားရေးလုပ်ငန်းအဖြစ်ရပ်တည်ခဲ့သည်။

အမျိုးသားကြီးသည် စီးပွားရေးလုပ်ငန်းအဆင်ပြေပြေရှိပေမယ့်လည်း ဘဝလက်တွဲဖော်ရှာရန် သူ့ရဲ့ရုပ်ရည်၊အရပ်အမောင်းကြောင့် ဘယ်သူကမှလက်ထပ်ချင်မှာမဟုတ်ပူးလို့တွေးမိရင်း သိမ်ငယ်နေပေမယ့်လည်း စိတ်ထားချင်းတူညီသောမိန်းကလေးတစ်ဦးနဲ့တွေ့ခဲ့ပြီး အချစ်စစ်ကိုရရှိခဲ့သည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment