ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ဗိုက်ထဲက ကလေးလေးကျန်းမာစွာနဲ့ အဆင်ပြေပြေမွေးဖွားလာနိုင်ရန် ကောင်းမွန်သည့် အစားအသောက်များကို ရွေးချယ်စားသုံးကြရသည်။ယခုတွင်လည်း တရုတ်နိုင်ငံက မိခင်တစ်ဦးသည် ကိုယ်ဝန်စရှိစဥ်က လူကြီးတွေရဲ့ပြောစကားအရ စပျစ်သီးများများစားပေးပါက မွေးလာမည့်ကလေးက မျက်လုံးပြူးလေးနဲ့လှပကြောင်း အကြံပေးခဲ့သည်။
အမျိုးသမီးလည်း စပျစ်သီးကိုတက်ကြွစွာစားခဲ့ပေမယ့် သားလေးမွေးလာချိန် မျက်လုံးမှာအရမ်းမှေးနေပြီး တစ်ချိန်လုံးအိပ်နေသလိုဖြစ်နေ၍ ကြီးလာချိန်ကျ အမြင်အာရုံချို့ယွင်းမှာကိုစိတ်ပူပြီး ဆရာဝန်နဲ့သွားပြခဲ့သည်။
ပထမတစ်ခါ၌ ဆရာဝန်သည် ကလေးလေးအားစမ်းသပ်မှုတွေလုပ်ကြည့်ကာ ဘာရောဂါမှမရှိပူးဟုဆိုခဲ့ပေမယ့် မိခင်ဖြစ်သူက တစ်လလောက်နေပြီး နောက်တစ်ကြိမ်ဆေးခန်းပြန်လာပြခဲ့ရာ ဆရာဝန်က ကလေးအဖေရဲ့မျက်နှာကိုမြင်ပြီး စမ်းသပ်မှုတွေလုပ်မနေတော့ပဲ ဒီတိုင်းပြန်လွှတ်ခဲ့သည်။
Nge (Cele Daily)
Zawgyi
သားလေးရဲ့မျက်လုံးမှာအရမ်းမှေးလွန်းနေ၍ စိုးရိမ်ပြီး ဆရာဝန်နဲ့သွားပြခဲ့ရာ ခင်ပွန်းရဲ့မျက်နှာကိုမြင်ပြီး စမ်းသပ်မှုမလုပ်တော့ပဲ ဒီတိုင်းပြန်လွှတ်ခဲ့သောအဖြစ်
Nge (Cele Daily)