နေမကောင်းတဲ့လူတစ်ယောက်ကို နှစ်ရှည်လများစွာ ပြုစုစောင့်ရှောက်ပေးဖို့ ဘယ်သူကမှစိတ်ရှည်နေမာမဟုတ်ပေမယ့် တကယ်သာအချစ်စစ်နဲ့ချစ်ပါက တစ်သက်လုံး ဆင်းရဲဒုက္ခကိုအတူခံစားပြီး ပြုစုပေးနိုင်သည်။
ယခုတွင်လည်း တရုတ်နိုင်ငံက အသက်၅၉နှစ်အရွယ် အမျိုးသားတစ်ဦးသည် နယ်ဝေးဒေသတစ်ခုမှာ အလုပ်သွားလုပ်ရင်း ဆုံတွေ့ခဲ့သောကောင်မလေးကို မြင်မြင်ချင်းချစ်မိကာ မိဘတွေနဲ့မိတ်ဆက်ပေးဖို့ ရွာကိုအလည်ခေါ်ပြန်ခဲ့သည်။ကံဆိုးစွာပဲ ရွာပြန်လမ်းက မတ်စောက်သောတောင်ပေါ်လမ်းတွေဖြတ်ရချိန် ယာဉ်မတော်တဆဖြစ်ကာ အမျိုးသားမှ ဒဏ်ရာအနည်းငယ်သာရရှိခဲ့သော်လည်း ချစ်သူကောင်မလေးက ကျောရိုးတစ်ခုလုံးပျက်စီးသွား၍ လမ်းမလျှောက်နိုင်ဖြစ်ခဲ့ရသည်။
ထိုသို့ဖြစ်သွားချိန် အမျိုးသားအား အခြားကောင်မလေးအသစ်ရှာပြီး အိမ်ထောင်ပြုလိုက်ဖို့တိုက်တွန်းခဲ့ပေမယ့် အမျိုးသားကတော့ သူ့ရဲ့ချစ်သူကောင်မလေးကို နှစ်ပေါင်း၃၀ကြာသည်ထိ ပြုစုစောင့်ရှောက်ပေးခဲ့သည်။အမျိုးသားသည် ချစ်သူကောင်မလေးအား တစ်သက်လုံး စောင့်ရှောက်သွားမည်ဟုဂတိပေးထားသည့်အတိုင်း လမ်းမလျှောက်နိုင်ဖြစ်နေပေမယ့် နှစ်ဖက်မိဘသဘောတူညီမှုနဲ့အတူ လက်ထပ်ထိမ်းမြားခဲ့သည်။
Nge (Cele Daily)
Zawgyi
ေလျဖတ္ေနေသာ ခ်စ္သူေကာင္မေလးကို ႏွစ္ရွည္လမ်ားစြာ ေမတၱာမျပတ္ပဲ ႏွစ္ေပါင္း၃၀အၾကာ ျပဳစုေစာင့္ေရွာက္ေပးခဲ့ေသာ အမ်ိဳးသား
ေနမေကာင္းတဲ့လူတစ္ေယာက္ကို ႏွစ္ရွည္လမ်ားစြာ ျပဳစုေစာင့္ေရွာက္ေပးဖို႔ ဘယ္သူကမွစိတ္ရွည္ေနမာမဟုတ္ေပမယ့္ တကယ္သာအခ်စ္စစ္နဲ႔ခ်စ္ပါက တစ္သက္လုံး ဆင္းရဲဒုကၡကိုအတူခံစားၿပီး ျပဳစုေပးႏိုင္သည္။
ယခုတြင္လည္း တ႐ုတ္ႏိုင္ငံက အသက္၅၉ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ နယ္ေဝးေဒသတစ္ခုမွာ အလုပ္သြားလုပ္ရင္း ဆုံေတြ႕ခဲ့ေသာေကာင္မေလးကို ျမင္ျမင္ခ်င္းခ်စ္မိကာ မိဘေတြနဲ႔မိတ္ဆက္ေပးဖို႔ ႐ြာကိုအလည္ေခၚျပန္ခဲ့သည္။ကံဆိုးစြာပဲ ႐ြာျပန္လမ္းက မတ္ေစာက္ေသာေတာင္ေပၚလမ္းေတြျဖတ္ရခ်ိန္ ယာဥ္မေတာ္တဆျဖစ္ကာ အမ်ိဳးသားမွ ဒဏ္ရာအနည္းငယ္သာရရွိခဲ့ေသာ္လည္း ခ်စ္သူေကာင္မေလးက ေက်ာ႐ိုးတစ္ခုလုံးပ်က္စီးသြား၍ လမ္းမေလွ်ာက္ႏိုင္ျဖစ္ခဲ့ရသည္။
ထိုသို႔ျဖစ္သြားခ်ိန္ အမ်ိဳးသားအား အျခားေကာင္မေလးအသစ္ရွာၿပီး အိမ္ေထာင္ျပဳလိုက္ဖို႔တိုက္တြန္းခဲ့ေပမယ့္ အမ်ိဳးသားကေတာ့ သူ႔ရဲ႕ခ်စ္သူေကာင္မေလးကို ႏွစ္ေပါင္း၃၀ၾကာသည္ထိ ျပဳစုေစာင့္ေရွာက္ေပးခဲ့သည္။အမ်ိဳးသားသည္ ခ်စ္သူေကာင္မေလးအား တစ္သက္လုံး ေစာင့္ေရွာက္သြားမည္ဟုဂတိေပးထားသည့္အတိုင္း လမ္းမေလွ်ာက္ႏိုင္ျဖစ္ေနေပမယ့္ ႏွစ္ဖက္မိဘသေဘာတူညီမႈနဲ႔အတူ လက္ထပ္ထိမ္းျမားခဲ့သည္။
Nge (Cele Daily)