ဆံပင်အရောင်းဆိုးခြင်းသည် လူငယ်များအကြိုက်များပြီး ရောင်စုံရှိတဲ့ထဲမှာမှ စိတ်ကြိုက်အရောင်ကိုရွေးချယ်ဆိုးကြရာ တော်တော်များများက အဆင်ပြေကြသော်လည်း တစ်ခါတစ်လေ ဆေးဆိုးပေးသူရဲ့မကျွမ်းကျင်မှုကြောင့် မလှမပဖြစ်သွားတတ်သည်။
ယခုတွင်လည်း ဗီယက်နမ်နိုင်ငံက မိန်းကလေးတစ်ဦးသည် သူမနှင့်လိုက်ဖက်မည်ထင်သော ငွေရောင်ဆံပင်ဆိုးဆေးအား ဆိုးမိခဲ့ရာမှ နောင်တကြီးစွာရနေခဲ့သည်။မိန်းကလေးသည် အသစ်ဖွင့်ထားသောဆံပင်ညှပ်ဆိုင်မှာ အရောင်သွားဆိုးခဲ့မိ၍ ထွက်လာသောပုံက အဖွားကြီးတစ်ယောက်လို ကွက်တိကွက်ကြားဆံပင်ဖြူပေါက်နေသည့်ဟန်တူပြီး မှန်ကြည့်တိုင်း ကြေကွဲခဲ့ရသည်။
မိန်းကလေးမှာ နဂိုမူလတိုင်းက ချစ်စရာကောင်းသောရုပ်ရည်လေးပင် ရုတ်တရက်ကြည့်လိုက်ပါက သက်ကြီးရွယ်အိုနဲ့ဆင်တူနေခဲ့သည်။
Nge (Cele Daily)
Zawgyi
သူမနှင့်လိုက်ဖက်မည်ထင်ပြီး ခေတ်စားနေတဲ့ ငွေရောင်ဆံပင်ဆေးဆိုးခဲ့ပေမယ့် လှလှပပလေးဖြစ်မနေပဲ အဖွားကြီးတစ်ယောက်နဲ့သာတူသွားသော ကောင်မလေး
Nge (Cele Daily)