မိဘတို့သည် သူတို့ရဲ့သားသမီးများကို အရွယ်ရောက်သည်နှင့် အတည်တကျဖြစ်စေရန် အိမ်ထောင်ပြုဖို့တိုက်တွန်းပြီး အောင်သွယ်တော့များနဲ့လည်း မိတ်ဆက်ခိုင်းကြသည်။ယခုတွင်လည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ နေထိုင်သော ကောင်လေးတစ်ဦးသည် ကီလိုမီတာ ၁၀၀၀ကျော်ကွာဝေးသော စီချွမ်ပြည်နယ်ရှိ အိမ်ထောင်ဖက်မိန်းကလေးကို သွားတွေ့ခဲ့သည်။
ကောင်လေးသည် ဝတ်ကောင်းစားကောင်းနဲ့ သပ်သပ်ရပ်ရပ်ပုံစံလေးပြင်ဆင်ထားပြီး ပန်းစည်းလေးကိုပါ ယူသွားပြီး အိမ်ထောင်ဖက်မိန်းကလေးအား ပန်းစည်းလေးပေးကာ နှုတ်ဆက်စကားပြောခဲ့ပေမယ့် ကောင်မလေးဖက်က ဘာစကားမှပြန်မပြောပဲ အိမ်ထဲသို့ပြေးဝင်သွားတာကြောင့် အံ့အားသင့်ခဲ့ရသည်။
ထို့နောက် အောင်သွယ်တော်ရဲ့ပြောစကားအရ ထိုကောင်မလေးက အပျိုမဟုတ်ပဲ အိမ်ထောင်ရှိဖူးပြီး ကလေးတစ်ယောက်အမေဖြစ်နေကြောင်း သိခဲ့ရပြီး ကောင်လေးကလည်း သူမရဲ့အဖြစ်မှန်ကို စကတည်းကမပြောပြခဲ့သည့် အောင်သွယ်အား ဒေါသထွက်ကာ သူကိုယ်တိုင်ကလည်း ကလေးအမေကို လက်မထပ်နိုင်၍ ကြေကွဲစွာ ပြန်ခဲ့ရသည်။
Nge (Cele Daily)
Zawgyi
မိုင်ပေါင်း ၆၀၀ ကျော်ကနေလာပြီး အိမ်ထောင်ဖက်မိန်းကလေးကို သွားတွေ့ခဲ့ပေမယ့် ကလေးတစ်ယောက်အမေဖြစ်နေလို့ ကြေကွဲပြီးပြန်ခဲ့ရတဲ့ ကောင်လေး
Nge (Cele Daily)