တိရစ္ဆာန်ချစ်တတ်သူများသည် သူတို့နဲ့အချိန်တော်ကြာ ရင်းနှီးလာခဲ့သော အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ မမျှော်လင့်ပဲ ခွဲခွာရဖို့ဖြစ်လာချိန် စိတ်ထိခိုက်ဝမ်းနည်းကြရသည်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံက အသက်၇နှစ်အရွယ် ကောင်လေးတစ်ဦးသည် စျေးကနေဝယ်လာခဲ့သော လိပ်ပေါက်လေးတစ်ကောင်ကို ဆက်ပြီးမွေးထားရန်မဖြစ်တာကြောင့် ရေထဲပြန်လွှတ်ပေးလိုက်ရသည်။
ကောင်လေးသည် လိပ်ပေါက်လေးကိုသူ့ရဲ့သူငယ်ချင်းလိုမျိုးသဘောထားပြီး ချစ်ခင်ပေမယ့် အိမ်မှာမွေးထားပါက ဘယ်လိုမျိုးဂရုစိုက်ကျွေးမွေးရမည်ကိုမသိတာကြောင့် အသက်ဆက်ရှင်နိုင်ရန် ရေထဲပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့သည်။
ကောင်လေးသည် လိပ်ပေါက်လေးနဲ့မခွဲချင်ပဲ ခွဲရမည်ဖြစ်တာကြောင့် နှုတ်ဆက်စကားပြောပြီး အနမ်းဖွဖွပေးကာ ဝမ်းနည်းစွာငိုရင်း ရေထဲကိုပြန်လွှတ်ပေးသွားခဲ့သည်။
Nge (Cele Daily)
Zawgyi
လိပ္ေလးကိုအိမ္မွာေမြးထားခ်င္ေပမယ့္ ဘယ္လိုဂ႐ုစိုက္ေပးရမယ္ဆိုတာမသိတာေၾကာင့္ ႏႈတ္ဆက္စကားေျပာၿပီး ေရထဲကိုျပန္လႊတ္ေပးလိုက္ရခ်ိန္ဝမ္းနည္းေနတဲ့ ကေလးငယ္တစ္ဦး
တိရစာၦန္ခ်စ္တတ္သူမ်ားသည္ သူတို႔နဲ႔အခ်ိန္ေတာ္ၾကာ ရင္းႏွီးလာခဲ့ေသာ အိမ္ေမြးတိရစာၦန္ေလးေတြနဲ႔ မေမွ်ာ္လင့္ပဲ ခြဲခြာရဖို႔ျဖစ္လာခ်ိန္ စိတ္ထိခိုက္ဝမ္းနည္းၾကရသည္။ယခုတြင္လည္း ဗီယက္နမ္ႏိုင္ငံက အသက္၇ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ဦးသည္ ေစ်းကေနဝယ္လာခဲ့ေသာ လိပ္ေပါက္ေလးတစ္ေကာင္ကို ဆက္ၿပီးေမြးထားရန္မျဖစ္တာေၾကာင့္ ေရထဲျပန္လႊတ္ေပးလိုက္ရသည္။
ေကာင္ေလးသည္ လိပ္ေပါက္ေလးကိုသူ႔ရဲ႕သူငယ္ခ်င္းလိုမ်ိဳးသေဘာထားၿပီး ခ်စ္ခင္ေပမယ့္ အိမ္မွာေမြးထားပါက ဘယ္လိုမ်ိဳးဂ႐ုစိုက္ေကြၽးေမြးရမည္ကိုမသိတာေၾကာင့္ အသက္ဆက္ရွင္ႏိုင္ရန္ ေရထဲျပန္လႊတ္ေပးဖို႔ ဆုံးျဖတ္ခဲ့သည္။
ေကာင္ေလးသည္ လိပ္ေပါက္ေလးနဲ႔မခြဲခ်င္ပဲ ခြဲရမည္ျဖစ္တာေၾကာင့္ ႏႈတ္ဆက္စကားေျပာၿပီး အနမ္းဖြဖြေပးကာ ဝမ္းနည္းစြာငိုရင္း ေရထဲကိုျပန္လႊတ္ေပးသြားခဲ့သည္။
Nge (Cele Daily)