မိဘတွေမရှိတော့တဲ့ တူ၊တူမလေးသုံးယောက်ကို မျက်နှာမငယ်ရအောင် နေ့နေ့ညညအလုပ်ကြိုးစားပြီး ကျွေးမွေးပြုစုပေးနေသည့် ဦးလေး

မိဘ၊အဖိုးအဖွားတွေအပြင် ဦးလေး၊အဒေါ်ဖြစ်သူတို့သည်လည်း သူတို့ရဲ့တူလေးတူမလေးများကို ချစ်တတ်ကာ အခက်အခဲဖြစ်နေပါက ကျွေးမွေးစောင့်ရှောက်ပေးကြသည်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံက အသက်၂၇နှစ်အရွယ် လူငယ်တစ်ဦးသည် ကိုယ်တိုင်ကအိမ်ထောင်မပြုရပဲ တူလေး၊တူမလေးတွေရဲ့ရှေ့ရေးအနာဂတ်အတွက်တွေးပူကာ နေ့နေ့ညည အလုပ်ကြိုးစားပြီး ဝင်ငွေရှာခဲ့သည်။

လူငယ်လေးရဲ့အစ်မဖြစ်သူသည် သားသမီးသုံးယောက်မွေးထားပြီး စောစီးစွာဆုံးပါးသွားကာ ရောဂါသည်ခင်ပွန်းဖြစ်သူကလည်း အလုပ်မလုပ်နိုင်ပဲဖြစ်နေ၍ ကလေးတွေက ကျွေးမွေးမည့်သူမရှိပဲ ဒုက္ခရောက်နေခဲ့သည်။

ထို့ကြောင့် လူငယ်လေးသည် တူလေး၊တူမလေးသုံးယောက်ကို မေတ္တာအပြည့်အဝပေးကာ သူ့ရဲ့သားသမီးလေးတွေလို ချစ်ပေးပြီး အလုပ်ကြိုးစားကာ တာဝန်ယူကျွေးမွေးစောင့်ရှောက်ပေးခဲ့သည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment