ယနေ့ခေတ်ကလေးငယ်များသည် မိဘတို့အလုပ်မအားသည့်အခါ ဖုန်းပေးဆော့ထားခြင်းကြောင့် ပက်ပြေးဆော့ပြီးဆူညံတာမျိုးမလုပ်တော့ ငြိမ်ငြိမ်လေးနဲ့ ဖုန်းကိုအဆက်မပြတ်ကြည့်ကြသည်။သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံက ကောင်လေးတစ်ဦးသည် ဖုန်းအရမ်းဆော့လွန်းကာ ထမင်းစားလည်းခေါ်စားရခက်ပြီး စာလည်းမကျက်ပဲ ဂိမ်းကိုသာဆော့နေခဲ့သည်။
မိခင်ဖြစ်သူသည် သားလေးကိုထိန်းမနိုင်တော့သည့်အခါ အကြံတစ်ခုစဥ်းစားခဲ့ပြီး သားလေးမှဖုန်းကြည့်ရင်း အိပ်ပျော်သွားချိန် မျက်လုံးနှစ်ဖက်ကို ညိုမဲကွက်ဖြစ်နေအောင် Eyeshadow ခြယ်လိမ်းပေးခဲ့သည်။
သားလေးသည် မနက်အိပ်ရာထပြီး သူ့ရဲ့မျက်လုံးနှစ်ဖက်ကို မှန်ထဲကြည့်မိသွားချိန် ထိတ်လန့်သွားပြီး မိခင်က ဖုန်းအရမ်းဆော့လို့ဖြစ်တယ်လို့ ပြောပြခဲ့ရာ နောက်မဆော့တော့ပူးဟု ငိုယိုပြီးပြောနေခဲ့သည်။
Nge (Cele Daily)
Zawgyi
ဖုန်းဆော့လွန်းတဲ့ သားဖြစ်သူကို မထိန်းနိုင်တော့၍ အိပ်ပျော်နေချိန် မျက်လုံးနှစ်ဖက်မှာ ညိုမဲကွက်ဖြစ်နေအောင် Eyeshadow ခြယ်လိမ်းပေးခဲ့တဲ့မိခင်
Nge (Cele Daily)