အိမ်ကိုလွမ်းလို့ ပြန်လည်ခဲ့ပေမယ့် ဆွေမျိုးတွေက ဘယ်တော့လက်ထပ်မှာလဲပဲလာလာမေးနေတာကြောင့် မီးဖိုချောင်မှာဝင်ပုန်းနေရတဲ့ အသက်၂၇နှစ်အရွယ်လူပျိုကြီးရဲ့အဖြစ်

လူကြီးမိဘများသည် သူတို့ရဲ့သားသမီး မောင်နှမ ဆွေမျိုးတွေကို အရွယ်ကောင်းတုန်း အလုပ်အကိုင်အတည်တကျရှိပါက လက်ထပ်ရန် အမြဲလိုလိုတိုက်တွန်းကြပြီး ကိုယ်ပိုင်မိသားစုဘဝလေးနဲ့ နေထိုင်တာမျိုးမြင်တွေ့ချင်ကြသည်။

ယခုတွင်လည်း တရုတ်နိုင်ငံက အသက်၂၇နှစ်အရွယ် ကောင်လေးတစ်ဦးသည် အနုပညာကျောင်းကနေဘွဲ့ရပြီး အလုပ်အကိုင်လည်းအတည်တကျရှိရာ အိမ်တစ်လုံးနဲ့ ကားတစ်စီးကိုလည်း ပိုင်ဆိုင်ထားပေမယ့် ရည်းစားတစ်ယောက်မှမရှိသေးပဲဖြစ်နေခဲ့သည်။ထိုကောင်လေးသည် မြို့ထဲမှာအချိန်တော်ကြာ အလုပ်သွားလုပ်ပြီးနောက် အိမ်ကိုလွန်းလို့ဆိုပြီး တစ်ညအိပ်တစ်ရက်ခရီးနဲ့ ကားစီးပြီးတော့ အိမ်ပြန်လည်ခဲ့ရာတွင် ဆွေမျိုးတွေက သူနဲ့တွေ့တွေ့ချင်း လက်မထပ်သေးပူးလားဆိုတာပဲ လာလာမေးခဲ့ကြသည်။

ထို့ကြောင့် ကောင်လေးမှာ မိဘအိမ်ပြန်သော်လည်း ထမင်းဝိုင်းမှာလက်စုံမစားရဲပဲ ဆွေမျိုးတွေနဲ့ရင်မဆိုင်ရဲတာကြောင့် မီးဖိုချောင်မှာသွားပြီး ပုန်းနေခဲ့ရသည်။ကောင်လေးရဲ့အဖြစ်ကို ဦးလေးကမြင်ပြီး ရယ်မောကာ ချစ်သူကောင်မလေးရှာပေးရန် တူလေးမှအရပ်ရှည်ရှည်နဲ့ချောမောကြည့်ကောင်းသော ရုပ်ရည်ရှိပြီး အလုပ်အကိုင်လည်းအတည်တကျရှိကြောင်း လိုင်းပေါ်မျှဝေခဲ့သည်။

Nge (Cele Daily)

Zawgyi

အိမ္ကိုလြမ္းလို႔ ျပန္လည္ခဲ့ေပမယ့္ ေဆြမ်ိဳးေတြက ဘယ္ေတာ့လက္ထပ္မွာလဲပဲလာလာေမးေနတာေၾကာင့္ မီးဖိုေခ်ာင္မွာဝင္ပုန္းေနရတဲ့ အသက္၂၇ႏွစ္အ႐ြယ္လူပ်ိဳႀကီးရဲ႕အျဖစ္

လူႀကီးမိဘမ်ားသည္ သူတို႔ရဲ႕သားသမီး ေမာင္ႏွမ ေဆြမ်ိဳးေတြကို အ႐ြယ္ေကာင္းတုန္း အလုပ္အကိုင္အတည္တက်ရွိပါက လက္ထပ္ရန္ အၿမဲလိုလိုတိုက္တြန္းၾကၿပီး ကိုယ္ပိုင္မိသားစုဘဝေလးနဲ႔ ေနထိုင္တာမ်ိဳးျမင္ေတြ႕ခ်င္ၾကသည္။

ယခုတြင္လည္း တ႐ုတ္ႏိုင္ငံက အသက္၂၇ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ဦးသည္ အႏုပညာေက်ာင္းကေနဘြဲ႕ရၿပီး အလုပ္အကိုင္လည္းအတည္တက်ရွိရာ အိမ္တစ္လုံးနဲ႔ ကားတစ္စီးကိုလည္း ပိုင္ဆိုင္ထားေပမယ့္ ရည္းစားတစ္ေယာက္မွမရွိေသးပဲျဖစ္ေနခဲ့သည္။ထိုေကာင္ေလးသည္ ၿမိဳ႕ထဲမွာအခ်ိန္ေတာ္ၾကာ အလုပ္သြားလုပ္ၿပီးေနာက္ အိမ္ကိုလြန္းလို႔ဆိုၿပီး တစ္ညအိပ္တစ္ရက္ခရီးနဲ႔ ကားစီးၿပီးေတာ့ အိမ္ျပန္လည္ခဲ့ရာတြင္ ေဆြမ်ိဳးေတြက သူနဲ႔ေတြ႕ေတြ႕ခ်င္း လက္မထပ္ေသးပူးလားဆိုတာပဲ လာလာေမးခဲ့ၾကသည္။

ထို႔ေၾကာင့္ ေကာင္ေလးမွာ မိဘအိမ္ျပန္ေသာ္လည္း ထမင္းဝိုင္းမွာလက္စုံမစားရဲပဲ ေဆြမ်ိဳးေတြနဲ႔ရင္မဆိုင္ရဲတာေၾကာင့္ မီးဖိုေခ်ာင္မွာသြားၿပီး ပုန္းေနခဲ့ရသည္။ေကာင္ေလးရဲ႕အျဖစ္ကို ဦးေလးကျမင္ၿပီး ရယ္ေမာကာ ခ်စ္သူေကာင္မေလးရွာေပးရန္ တူေလးမွအရပ္ရွည္ရွည္နဲ႔ေခ်ာေမာၾကည့္ေကာင္းေသာ ႐ုပ္ရည္ရွိၿပီး အလုပ္အကိုင္လည္းအတည္တက်ရွိေၾကာင္း လိုင္းေပၚမွ်ေဝခဲ့သည္။

Nge (Cele Daily)

  • Leave a Comment