ရှားပါးရောဂါသည် လူအယောက်၁၀၀မှာ တစ်ယောက်ဖြစ်ဖို့ပင်ခဲယဥ်းသော်လည်း ကံဆိုးစွာနဲ့ ထိုသို့သောရောဂါခံစားရသည့်သူများမှာ ပတ်ဝန်းကျင်တွင် အနှိမ်ခံ၊ကဲ့ရဲ့ခံခြင်းများကြား ကြီးပြင်းလာရပြီး အခွင့်အရေးတွေကိုလည်း ဆုံးရှုံးကြရသည်။
ယခုတွင်လည်း ကာဇက်စတန်နိုင်ငံမှ အသက်၆နှစ်အရွယ် ကောင်လေးတစ်ဦးသည် မွေးဖွားပြီးတစ်လမှာ သူ့ရဲ့အရေအပြားတွေက သက်ကြီးရွယ်အိုတွေလို အရေးအကြောင်းတွေနဲ့တွန့်ကာ အသားပိုလို တွဲကျနေခဲ့သည်။ကောင်လေးသည် အသက်ငယ်ငယ်နဲ့ အခြားသောကလေးငယ်တွေလို မပျော်ရွှင်ရပဲ သူ့ရဲ့ရုပ်ရည်ကြောင့် ပတ်ဝန်းကျင်ကလူတွေမှ ခွဲခြားစွာဆက်ဆံခဲ့ကြသည်။
ကောင်လေးရဲ့မိဘနှစ်ပါးသည် သူတို့ရဲ့သားလေးကို အခြားသောကလေးတွေလို ပုံမှန်ဘဝလေးဖြတ်သန်းစေလို၍ ငွေကြေးများစွာကုန်ကျခံပြီး သားဖြစ်သူရဲ့ရောဂါကိုကုသပေးကြသော်လည်း မပျောက်ကင်းနိုင်ပဲဖြစ်နေသေးသည်။
Nge (Cele Daily)
Zawgyi
အသက်၆နှစ်သာရှိသေးသော်လည်း ရှားပါးရောဂါကြောင့် အဖိုးကြီးတစ်ဦးလိုဖြစ်နေလို့ ပတ်ဝန်းကျင်ကလူတွေမှ ခွဲခြားစွာဆက်ဆံခြင်းခံနေရသည့် သနားစရာကောင်လေး
Nge (Cele Daily)