သွားလေရာတူမလေးကို ခေါ်ဆောင်သွားခြင်းကြောင့် ကလေးအမေဟုထင်နေကြပြီး ရည်းစားမရဖြစ်နေသော မိန်းကလေးရဲ့အဖြစ်

ကိုယ့်ရဲ့မိသားစုမှ အကြီးတွေက အိမ်ထောင်အရင်ကျပြီး ကလေးတွေရသည့်အခါ စားဝတ်နေရေးအတွက် လုံးပန်းနေရကာ ကလေးတွေကို အဒေါ်ဖြစ်သူ၊ဦးလေးဖြစ်သူတွေက ကြည့်ထိန်းပေးကြရသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံက မိန်းကလေးတစ်ဦးသည် အစ်ကိုဖြစ်သူမှ အိမ်ထောင်အစောကျပြီး သားသမီး ၅ယောက်ထိ မွေးထားရာ အမြဲတမ်းကလေးတွေနဲ့ပဲ အလုပ်ရှုပ်နေခဲ့ရသည်။ထို့ကြောင့် မိန်းကလေးသည် တူမလေးတစ်ယောက်ကိုခေါ်ကာ ကူထိန်းပေးသည့်အနေနဲ့ သွားလေရာခေါ်ဆောင်သွားခဲ့ရာ မြင်တွေ့သူများက ရုပ်ချင်းလည်းဆင်တာကြောင့် သားအမိတွေအဖြစ် ထင်နေကြသည်။

မိန်းကလေးသည် အပြင်ထွက်တိုင်း ကလေးအမေနဲ့မှားနေကြပြီး လာကြိုက်မယ့်သူလည်းမရှိပေမယ့် တူမလေးနဲ့သာ ပျော်ပျော်ရွှင်ရွှင် နေသွားရန်စိတ်ကူးထားသည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment