ချစ်သူကောင်းလေးထားသွားလို့ မင်္ဂလာဆောင်မှာဝတ်ရန် စီစဥ်ထားသော သတို့သမီးဂါဝန်လေးကို ကင်ဆာရောဂါကုသရန်အတွက် လိုင်းပေါ်မှာရောင်းချခဲ့တဲ့မိန်းကလေး

ချစ်သူနှစ်ဦးကြားမှာ ပေါင်းဖက်ဖို့ကံမပါလာသည့်အခါ အကြောင်းအမျိုးမျိုးနဲ့ ကွဲကွာတတ်ကြပြီး တကယ်ချစ်တဲ့သူကတော့ အချိန်ကိုစောင့်ပြီး အမြန်ဆုံးနီးစပ်အောင် ကြိုးစားကြသလို အချို့ကျတော့လည်း ကိုယ်ဒုက္ခရောက်နေချိန်တွင် ကူညီဖော်မရပဲ ထားသွားခြင်းခံရတာမျိုးလည်းရှိသည်။ယခုတွင်လည်း မက္ကဆီကန်နိုင်ငံမှ အသက်၂၄နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ချစ်သူကောင်လေးနဲ့ လက်ထပ်ရန်အကုန်စီစဥ်ထားပြီးခါမှ သူမရဲ့ရောဂါကြောင့် မင်္ဂလာပွဲပျက်သွားခဲ့သည်။

မိန်းကလေးသည် လက်ထပ်ရက်နီးခါမှ နေမကောင်းဖြစ်၍ ဆေးခန်းသွားပြချိန် သူမမှာ ရင်သားကင်ဆာရောဂါဖြစ်နေကြောင်းသိခဲ့ရပြီး ကောင်လေးကလည်း အစပိုင်းတွင် ထောက်ပံ့ကူညီပေးခဲ့သည်။သို့ပေမယ့်လည်း ကောင်လေးသည် အချိန်တော်ကြာ ရောဂါကိုဆေးကုသခံယူနေသည့်ကြား မပျောက်နိုင်သေး၍ မင်္ဂလာပွဲဖျတ်သိမ်းပြီး လမ်းခွဲသွားခဲ့သည်။

မိန်းကလေးသည် အဆိုးဆုံးအခြေအနေမှာ သူ့အားထားသွားခဲ့သော ချစ်သူကောင်လေးကို အပြစ်မမြင်ပဲ မင်္ဂလာပွဲမှာဝတ်မည့် သတို့သမီးဂါဝန်လေးကို သူမရဲ့ဆေးကုသစရိတ်ရအောင် ရောင်းချခဲ့သည်။

Nge (Cele Daily)

Zawgyi

ခ်စ္သူေကာင္းေလးထားသြားလို႔ မဂၤလာေဆာင္မွာဝတ္ရန္ စီစဥ္ထားေသာ သတို႔သမီးဂါဝန္ေလးကို ကင္ဆာေရာဂါကုသရန္အတြက္ လိုင္းေပၚမွာေရာင္းခ်ခဲ့တဲ့မိန္းကေလး

ခ်စ္သူႏွစ္ဦးၾကားမွာ ေပါင္းဖက္ဖို႔ကံမပါလာသည့္အခါ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ကြဲကြာတတ္ၾကၿပီး တကယ္ခ်စ္တဲ့သူကေတာ့ အခ်ိန္ကိုေစာင့္ၿပီး အျမန္ဆုံးနီးစပ္ေအာင္ ႀကိဳးစားၾကသလို အခ်ိဳ႕က်ေတာ့လည္း ကိုယ္ဒုကၡေရာက္ေနခ်ိန္တြင္ ကူညီေဖာ္မရပဲ ထားသြားျခင္းခံရတာမ်ိဳးလည္းရွိသည္။ယခုတြင္လည္း မကၠဆီကန္ႏိုင္ငံမွ အသက္၂၄ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးသည္ ခ်စ္သူေကာင္ေလးနဲ႔ လက္ထပ္ရန္အကုန္စီစဥ္ထားၿပီးခါမွ သူမရဲ႕ေရာဂါေၾကာင့္ မဂၤလာပြဲပ်က္သြားခဲ့သည္။

မိန္းကေလးသည္ လက္ထပ္ရက္နီးခါမွ ေနမေကာင္းျဖစ္၍ ေဆးခန္းသြားျပခ်ိန္ သူမမွာ ရင္သားကင္ဆာေရာဂါျဖစ္ေနေၾကာင္းသိခဲ့ရၿပီး ေကာင္ေလးကလည္း အစပိုင္းတြင္ ေထာက္ပံ့ကူညီေပးခဲ့သည္။သို႔ေပမယ့္လည္း ေကာင္ေလးသည္ အခ်ိန္ေတာ္ၾကာ ေရာဂါကိုေဆးကုသခံယူေနသည့္ၾကား မေပ်ာက္ႏိုင္ေသး၍ မဂၤလာပြဲဖ်တ္သိမ္းၿပီး လမ္းခြဲသြားခဲ့သည္။

မိန္းကေလးသည္ အဆိုးဆုံးအေျခအေနမွာ သူ႔အားထားသြားခဲ့ေသာ ခ်စ္သူေကာင္ေလးကို အျပစ္မျမင္ပဲ မဂၤလာပြဲမွာဝတ္မည့္ သတို႔သမီးဂါဝန္ေလးကို သူမရဲ႕ေဆးကုသစရိတ္ရေအာင္ ေရာင္းခ်ခဲ့သည္။

Nge (Cele Daily)

  • Leave a Comment