ရောဂါသည်ခင်ပွန်းဖြစ်သူရဲ့ဆေးဖိုးအတွက် လေးလံသော ဘိလပ်မြေအိတ်များစွာကို နေ့စဉ်ထမ်းရင်း ဝင်ငွေရှာနေခဲ့သည့် အမျိုးသမီး

ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပက်သက်သော ဘိလပ်မြေအိတ်များသယ်ယူပို့ဆောင်ရာတွင် အမျိုးသားများကသာ လုပ်ဆောင်ကြပေမယ့် အချို့သောအမျိုးသမီးတွေမှာ ငွေကြေးအခက်အခဲကြောင့် ယောကျ်ားလေးတွေနဲ့တန်းတူ လုပ်ကိုင်လာကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ Anhuiရှိ ကျေးလက်ဒေသတွင် နေထိုင်သော အသက်၂၇နှစ်အရွယ် အိမ်ထောင်သည်အမျိုးသမီးတစ်ဦးသည် မိသားစုစားဝတ်နေရေးအတွက် တစ်ယောက်တည်းကပဲ ဝင်ငွေရှာနေရတာကြောင့် လုပ်အားခပိုများသော ဘိလပ်မြေအိတ်ထမ်းသည့်အလုပ်ကို ရွေးချယ်လုပ်ကိုင်ခဲ့သည်။အမျိုးသမီးသည် ခင်ပွန်းနဲ့သမီးနှစ်ယောက်ရှိပြီး အရင်တုန်းက သာယာပျော်ရွှင်စရာကောင်းသည့်မိသားစုမျိုးဖြစ်ခဲ့ပေမယ့် ခင်ပွန်းဖြစ်သူမှ အဆုတ်ရောဂါဝေဒနာခံစားရပြီးနောက်ပိုင်း ငွေကြေးအခက်အခဲတွေရှိလာခဲ့သည်။

အမျိုးသမီးသည် ငယ်စဉ်ကကျောင်းမနေခဲ့ရ၍ အလုပ်ကြမ်းနဲ့လက်လုပ်လက်စားသမားအဖြစ် အသက်မွေးဝမ်းကျောင်းပြုရုံကလွဲပြီး မတတ်နိုင်ပေမယ့် ခင်ပွန်းဖြစ်သူရောဂါကို ကုသရန်ဆေးဖိုးအတွက် ငွေများစွာရှာနိုင်ခဲ့သည်။

Nge (Cele Daily)

Zawgyi


ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပက်သက်သော ဘိလပ်မြေအိတ်များသယ်ယူပို့ဆောင်ရာတွင် အမျိုးသားများကသာ လုပ်ဆောင်ကြပေမယ့် အချို့သောအမျိုးသမီးတွေမှာ ငွေကြေးအခက်အခဲကြောင့် ယောက်ျားလေးတွေနဲ့တန်းတူ လုပ်ကိုင်လာကြသည်။



Nge (Cele Daily)

  • Leave a Comment