တစ်တော့မှာခေတ်စားနေသည့် ရိုမက်တစ်ဆန်ဆန်နဲ့ ကောင်လေးရဲ့လက်ကိုဆွဲပြီးပြေးသော ဗီဒီယိုအတိုင်း လိုက်ရိုက်ခဲ့ရာမှ ကံဆိုးစွာပဲ ရေကန်ထဲပြုတ်ကျသွားသည့် မိန်းကလေး

တစ်တော့ဆော့ဝဲလ်သည် လူကြီး လူငယ်များကြား အထူးရေပန်းစားအသုံးပြုများကာ ချစ်သူစုံတွဲများသည်လည်း ရိုမက်တစ်ဆန်ဆန် ဗီဒီယိုလေးလုပ်ပြီး ဆော့ကြသည်။သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံက မိန်းကလေးတစ်ဦးသည် အလုပ်ပိတ်ရက်တွင် ချစ်သူကောင်လေးနဲ့အတူ ရေပန်းစားနေသည့် ရေကန်အလှရှူခင်းလေးနဲ့ တံတားပေါ်မှာဓာတ်ပုံရိုက်နိုင်သောနေရာဆီ သွားရောက်လည်ပတ်ခဲ့သည်။

မိန်းကလေးသည် ကောင်လေးနဲ့အတူ တစ်တော့မှာ ရိုမက်တစ်ဆန်သောဗီဒီယိုလေးကို တင်ချင်တာကြောင့် ကောင်လေးရဲ့လက်ကိုကိုင်ကာ နောက်ပြန်လှည့်ပြေးသည့်ဟန် ရိုက်ကူးခဲ့သည်။

မိန်းကလေးသည် တစ်ယောက်တည်း နောက်ပြန်လှည့်အပြေးမှာ တံတားအစွန်းရောက်နေတာကို သတိမထားမိခဲ့၍ ခြေချော်ပြီးတော့ ရေကန်ထဲပြုတ်ကျသွားခဲ့သည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment