သားဖြစ်သူအတွက် အချိန်တော်ကြာအလုပ်ကြိုးစားပြီးမှ ဝယ်ပေးနိုင်ခဲ့သော iPadလေးကို ထိခိုက်မိမှာစိုး၍ ရင်ခွင်ထဲထည့်ကာ တင်းကျပ်စွာဆုပ်ကိုင်ထားသည့် ဖခင်တစ်ဦး

မိဘတို့သည် ဘယ်လောက်ပဲပင်ပန်းဆင်းရဲနေရပါစေ သားသမီးလေးတွေတောင်းဆိုသည့်အရာကို ချက်ချင်းမဖြည့်ဆည်းပေးနိုင်ပေမယ့် ကြိုးစားပြီးတတ်နိုင်သမျှ အမြန်ဆုံးဖြည့်ဆည်းပေးတတ်ကြသည်။

ယခုတွင်လည်း တရုတ်နိုင်ငံ Chongqingမြို့ရှိ မြေအောက်ရထားပေါ်တွင် လိုက်ပါလာသော ခရီးသည်အမျိုးသားတစ်ဦးသည် ထိုင်ခုံပေါ်မှာမထိုင်ပဲ အောက်ဆင်းထိုင်ကာ လက်ထဲကလည်း သူ့ရဲ့ပစ္စည်းကို တင်းကျပ်စွာဆုပ်ကိုင်ထားသည်။အနီးနားရှိခရီးသည်တစ်ဦးမှ အမျိုးသားကြီးအား ထိုင်စရာပေးပြီး ထိုင်ခိုင်းခဲ့ပေမယ့် ငြင်းဆန်နေ၍ အကြောင်းရင်းကိုသိရအောင်မေးမြန်းခဲ့သည်။

ထိုအခါ အမျိုးသားကြီးသည် ဆောက်လုပ်ရေးအလုပ်သမားဖြစ်ပြီး သားဖြစ်သူအတွက် အချိန်တော်ကြာအလုပ်ကြိုးစားပြီးမှ ဝယ်ပေးနိုင်ခဲ့သော iPadလေးကို ရထားစီးရင်းထိခိုက်မိမှာစိုး၍ဟု ဆိုခဲ့သည်။ဖခင်ဖြစ်သူသည် ဖုန်းလာလို့စကားပြောနေသော်လည်း သားလေးအတွက် iPadကို သတိထားပြီး ဆုပ်ကိုင်ထားဆဲဖြစ်သည်။

Nge (Cele Daily)

Zawgyi

သားျဖစ္သူအတြက္ အခ်ိန္ေတာ္ၾကာအလုပ္ႀကိဳးစားၿပီးမွ ဝယ္ေပးႏိုင္ခဲ့ေသာ iPadေလးကို ထိခိုက္မိမွာစိုး၍ ရင္ခြင္ထဲထည့္ကာ တင္းက်ပ္စြာဆုပ္ကိုင္ထားသည့္ ဖခင္တစ္ဦး

မိဘတို႔သည္ ဘယ္ေလာက္ပဲပင္ပန္းဆင္းရဲေနရပါေစ သားသမီးေလးေတြေတာင္းဆိုသည့္အရာကို ခ်က္ခ်င္းမျဖည့္ဆည္းေပးႏိုင္ေပမယ့္ ႀကိဳးစားၿပီးတတ္ႏိုင္သမွ် အျမန္ဆုံးျဖည့္ဆည္းေပးတတ္ၾကသည္။

ယခုတြင္လည္း တ႐ုတ္ႏိုင္ငံ Chongqingၿမိဳ႕ရွိ ေျမေအာက္ရထားေပၚတြင္ လိုက္ပါလာေသာ ခရီးသည္အမ်ိဳးသားတစ္ဦးသည္ ထိုင္ခုံေပၚမွာမထိုင္ပဲ ေအာက္ဆင္းထိုင္ကာ လက္ထဲကလည္း သူ႔ရဲ႕ပစၥည္းကို တင္းက်ပ္စြာဆုပ္ကိုင္ထားသည္။အနီးနားရွိခရီးသည္တစ္ဦးမွ အမ်ိဳးသားႀကီးအား ထိုင္စရာေပးၿပီး ထိုင္ခိုင္းခဲ့ေပမယ့္ ျငင္းဆန္ေန၍ အေၾကာင္းရင္းကိုသိရေအာင္ေမးျမန္းခဲ့သည္။

ထိုအခါ အမ်ိဳးသားႀကီးသည္ ေဆာက္လုပ္ေရးအလုပ္သမားျဖစ္ၿပီး သားျဖစ္သူအတြက္ အခ်ိန္ေတာ္ၾကာအလုပ္ႀကိဳးစားၿပီးမွ ဝယ္ေပးႏိုင္ခဲ့ေသာ iPadေလးကို ရထားစီးရင္းထိခိုက္မိမွာစိုး၍ဟု ဆိုခဲ့သည္။ဖခင္ျဖစ္သူသည္ ဖုန္းလာလို႔စကားေျပာေနေသာ္လည္း သားေလးအတြက္ iPadကို သတိထားၿပီး ဆုပ္ကိုင္ထားဆဲျဖစ္သည္။

Nge (Cele Daily)

  • Leave a Comment