သူခိုးရန်မှကာကွယ်ရန်အတွက် အိမ်စောင့်ခွေးလေးတွေအစား မိကျောင်းတစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူထားသော အမျိုးသား

မိကျောင်းတွေသည် အသားစား သတ္တဝါဖြစ်ပြီး ကြီးမားသောကိုယ်ထည်နဲ့ ချွန်ထက်သောသွားများကြောင့် လူတိုင်းကအသံကြားရုံနဲ့ ထိတ်လန့်ကြသည်။သို့ဖြစ်၍ ထိုင်းနိုင်ငံက အမျိုးသားတစ်ဦးသည် သူတို့အိမ်ကိုသူခိုးမဝင်ရောက်နိုင်စေရန် မိကျောင်းတစ်ကောင်ကို ငယ်စဥ်လေးထဲက မွေးမြူရေးခြံတစ်ခုကနေ ဝယ်ယူကာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားခဲ့သည်။

အမျိုးသားသည် အိမ်ရဲ့လုံခြုံရေးအတွက် မိကျောင်းကိုလွှတ်ထားကာ နေရာအနှံ့သွားစေခြင်းဖြင့် အများက သူတို့ရဲ့မိသားစုအား အန္တရာယ်ပြုလာမည်ကို စိုးရိမ်နေခဲ့ကြပေမယ့် သခင်ဖြစ်သူကတော့ မိကျောင်းလေးကို မိသားစုဝင်တစ်ဦးလိုသတ်မှတ်ထားခဲ့သည်။

အမျိုးသားသည် မိကျောင်းလေးမှာ သူတို့နဲ့နေလာတာကြာပြီဖြစ်တာကြောင့် အန္တရာယ်ပေးမည်မဟုတ်ပဲ လိမ္မာယဥ်ကျေးကြောင်း ချီးမွမ်းနေခဲ့သည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment