ခင်ပွန်းဖြစ်သူမှ ရွာမှာအိမ်ကြီးကြီးနဲ့ ကားတစ်စီးရှိကြောင်း ကြွားလုံးထုတ်နေ၍ အထင်ကြီးခဲ့မိရာ တကယ်တမ်းအပြင်မှာ မြင်တွေ့ရချိန် အံ့သြသွားခဲ့ရသည့်အဖြစ်

အဝေးမှာရောက်နေသည့် လူတိုင်းက ကိုယ့်ရဲ့မွေးရပ်မြေလေးဆီ အလည်ပြန်လာချင်ကြပြီး ရင်းနှီးသူအချို့ကိုလည်း သူတို့ရဲ့မွေးရပ်မြေအကြောင်း ထုတ်ကြွားတတ်ကြသည်။သို့ဖြစ်၍ တရုတ်နိုင်ငံက အမျိုးသားတစ်ဦးသည် တက္ကသိုလ်ကနေ ဘွဲ့ရပြီး ရွာကိုတစ်ခါမှမပြန်တော့ပဲ မြို့ကြီးပြကြီးမှာ အလုပ်ဝင်လုပ်ခဲ့ပြီး ချစ်ရတဲ့သူနဲ့တွေ့ကာ လက်ထပ်ဖြစ်ခဲ့သည်။

အမျိုးသားသည် လက်ထပ်ပြီး သားသမီးတွေရသည်ထိ မြို့ထဲမှာပဲ အိမ်လေးတစ်လုံးဝယ်ယူပြီးနေထိုင်ခဲ့ပေမယ့် တစ်ခါတစ်လေ သူ့ရဲ့မွေးရပ်မြေကို သတိရနေခဲ့သည်။ထို့ကြောင့် အမျိုးသားသည် အလုပ်နားရက်တွင် ရွာပြန်ရန် ဇနီးနဲ့သားသမီးတွေပါ အတူလိုက်လည်ချင်အောင် ရွာမှာအိမ်ကြီးကြီးတစ်လုံးနဲ့ ကားတစ်စီးအပြင် ခြံဝိုင်းထဲမှာလည်း ပန်းပင်လေးများ၊မြက်ခင်းစိမ်းလေးများနဲ့ သာယာလှပကြောင်း ကြွားလုံးထုတ်ခဲ့သည်။

ဇနီးနဲ့ သားသမီးတွေကလည်း အမျိုးသားရဲ့ပြောစကားကိုယုံပြီး ရွာသို့လိုက်လည်ချိန်မှာတော့ အိမ်ကမြေကြီးကာနဲ့ ဘာကားမှမရှိပဲ ဆန်စက်တစ်ခုသာရှိကြောင်း တွေ့ခဲ့ရ၍ အံ့သြမိပြီး ရယ်မောကုန်ကြသည်။

Nge (Cele Daily)

Zawgyi

ခင္ပြန္းျဖစ္သူမွ ႐ြာမွာအိမ္ႀကီးႀကီးနဲ႔ ကားတစ္စီးရွိေၾကာင္း ႂကြားလုံးထုတ္ေန၍ အထင္ႀကီးခဲ့မိရာ တကယ္တမ္းအျပင္မွာ ျမင္ေတြ႕ရခ်ိန္ အံ့ၾသသြားခဲ့ရသည့္အျဖစ္

အေဝးမွာေရာက္ေနသည့္ လူတိုင္းက ကိုယ့္ရဲ႕ေမြးရပ္ေျမေလးဆီ အလည္ျပန္လာခ်င္ၾကၿပီး ရင္းႏွီးသူအခ်ိဳ႕ကိုလည္း သူတို႔ရဲ႕ေမြးရပ္ေျမအေၾကာင္း ထုတ္ႂကြားတတ္ၾကသည္။သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံက အမ်ိဳးသားတစ္ဦးသည္ တကၠသိုလ္ကေန ဘြဲ႕ရၿပီး ႐ြာကိုတစ္ခါမွမျပန္ေတာ့ပဲ ၿမိဳ႕ႀကီးျပႀကီးမွာ အလုပ္ဝင္လုပ္ခဲ့ၿပီး ခ်စ္ရတဲ့သူနဲ႔ေတြ႕ကာ လက္ထပ္ျဖစ္ခဲ့သည္။

အမ်ိဳးသားသည္ လက္ထပ္ၿပီး သားသမီးေတြရသည္ထိ ၿမိဳ႕ထဲမွာပဲ အိမ္ေလးတစ္လုံးဝယ္ယူၿပီးေနထိုင္ခဲ့ေပမယ့္ တစ္ခါတစ္ေလ သူ႔ရဲ႕ေမြးရပ္ေျမကို သတိရေနခဲ့သည္။ထို႔ေၾကာင့္ အမ်ိဳးသားသည္ အလုပ္နားရက္တြင္ ႐ြာျပန္ရန္ ဇနီးနဲ႔သားသမီးေတြပါ အတူလိုက္လည္ခ်င္ေအာင္ ႐ြာမွာအိမ္ႀကီးႀကီးတစ္လုံးနဲ႔ ကားတစ္စီးအျပင္ ၿခံဝိုင္းထဲမွာလည္း ပန္းပင္ေလးမ်ား၊ျမက္ခင္းစိမ္းေလးမ်ားနဲ႔ သာယာလွပေၾကာင္း ႂကြားလုံးထုတ္ခဲ့သည္။

ဇနီးနဲ႔ သားသမီးေတြကလည္း အမ်ိဳးသားရဲ႕ေျပာစကားကိုယုံၿပီး ႐ြာသို႔လိုက္လည္ခ်ိန္မွာေတာ့ အိမ္ကေျမႀကီးကာနဲ႔ ဘာကားမွမရွိပဲ ဆန္စက္တစ္ခုသာရွိေၾကာင္း ေတြ႕ခဲ့ရ၍ အံ့ၾသမိၿပီး ရယ္ေမာကုန္ၾကသည္။

Nge (Cele Daily)

  • Leave a Comment