တပည့်လေးတွေကို အန္တရာယ်ပြုမှာစိုး၍ အနည်းငယ်ကြောက်နေသော်လည်း ကြောက်စိတ်ကိုဖျောက်ပြီး မြွေကိုလက်ဗလာနဲ့ဖမ်းယူခဲ့သော ဆရာမလေး

မြွေဆိုတာနဲ့ အဆိပ်ရှိရှိ မရှိရှိ လူတိုင်းနီးပါးကြောက်ရွံ့တတ်ကြသော်လည်း အချို့သော မိန်းကလေးတွေသည် ကြောက်စိတ်မရှိပဲ မြွေကိုလက်နဲ့ကိုယ်တိုင်ဖမ်းဖို့ ကြိုးစားတတ်ကြသည်။ယခုတွင်လည်း ထိုင်းနိုင်ငံ ကျေးလက်ဒေသရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ကစားဆင်းချိန်၌ ကျောင်းသားတွေအားလုံး ကွင်းလည်မှာ ထွက်ကစားနေကြချိန် မြွေတစ်ကောင်ကို တွေ့ရှိခဲ့ကြသည်။

ကျောင်းသားလေးတွေသည် မြွေကိုတွေ့ပြီး ဆရာမလေးအား ပြောသွားခေါ်ကာ အကြောင်းကြားခဲ့စဥ် ဆရာမလေးမှ မြွေအမျိုးအစားကို သေချာကြည့်ပြီး အဆိပ်မရှိတာကြောင့် လက်ဗလာနဲ့ ဖမ်းယူခဲ့သည်။

ဆရာမလေးသည် မြွေကိုပထမဆုံးအကြိမ် ဖမ်းယူရမှာဖြစ်၍ အနည်းငယ်ကြောက်နေသော်လည်း တပည့်လေးတွေကို အန္တရာယ်ပြုမှာစိုးရိမ်ပြီး ဖမ်းယူ၍ တောထဲသို့လွှတ်ပေးခဲ့သည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment