လောကကြီးတွင် ကိုယ်အရမ်းချစ်ရတဲ့သူတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရချိန် ဘာကိုမှသတိမထားမိတော့ပဲ စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားတတ်သည်။ယခုတွင်လည်း ထိုင်းနိုင်ငံက အသက်၆၀နှစ်အရွယ် အဖိုးအိုတစ်ဦးသည် အရင်တုန်းက ဇနီး၊သား၊ချွေးမတို့နှင့်အတူ အိမ်ငှားနေကာ မိသားစုတွေ မပြည့်စုံသော်လည်း ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြသည်။
ကံမကောင်းစွာပဲ သားဖြစ်သူမှာ မတော်တဆဖြစ်ပြီး ဆုံးပါးသွားချိန် အဖိုးအိုမှာ သားကိုချစ်လွန်းတဲ့စိတ်ကြောင့် နာကျင်ခံစားရပြီး အသိစိတ်ပျောက်သွားခဲ့သည်။အဖိုးအိုမှ ဝေဒနာခံစားနေရချိန် ဇနီးဖြစ်သူသည် အနားမှာရှိမနေပေးပဲ စိတ်ပျက်ပြီးတော့ ချွေးမကိုခေါ်ကာ အိမ်ကနေထွက်သွားခဲ့ကြသည်။အဖိုးအိုမှာ ဇနီး၊သား၊ချွေးမလေးတို့ကို စွဲလန်းစိတ်နဲ့ လမ်းဘေးမှာ ၁၀နှစ်ကျော်အကြာ နေထိုင်ပြီး သူတို့ပြန်အလာကို စောင့်မျှော်နေခဲ့သည်။
အဖိုးအို တစ်ယောက်တည်း အမိုးအကာမရှိသည့် လမ်းဘေးမှာ နေနေ၍ ဒေသခံလူများက လေလှုံမိုးလှုံအရိပ်အောက်မှာ ပြောင်းရွှေ့နေခိုင်းခဲ့ပေမယ့် သူ့ရဲ့မိသားစုတွေပြန်လာပါက သူ့အားမတွေ့တော့မှာကို စိုးရိမ်မိတာကြောင့် ထိုနေရာမှာပဲ ဆက်လက်နေထိုင်ခဲ့သည်။
Nge (Cele Daily)
Zawgyi
သူ႔အားထားသြားခဲ့ေသာ ဇနီးနဲ႔သားျဖစ္သူကို စြဲလန္းကာ သူ႔ဆီျပန္လာမည္အထင္နဲ႔ ၁၀ႏွစ္အၾကာ လမ္းေဘးမွာေနထိုင္ရင္း ေစာင့္ေမွ်ာ္ေနရွာေသာ အဖိုးအို
ေလာကႀကီးတြင္ ကိုယ္အရမ္းခ်စ္ရတဲ့သူေတြကို လက္လႊတ္ဆုံးရႈံးလိုက္ရခ်ိန္ ဘာကိုမွသတိမထားမိေတာ့ပဲ စိတ္လြတ္ကိုယ္လြတ္ ျဖစ္သြားတတ္သည္။ယခုတြင္လည္း ထိုင္းႏိုင္ငံက အသက္၆၀ႏွစ္အ႐ြယ္ အဖိုးအိုတစ္ဦးသည္ အရင္တုန္းက ဇနီး၊သား၊ေခြၽးမတို႔ႏွင့္အတူ အိမ္ငွားေနကာ မိသားစုေတြ မျပည့္စုံေသာ္လည္း ေပ်ာ္႐ႊင္စြာျဖတ္သန္းခဲ့ၾကသည္။
ကံမေကာင္းစြာပဲ သားျဖစ္သူမွာ မေတာ္တဆျဖစ္ၿပီး ဆုံးပါးသြားခ်ိန္ အဖိုးအိုမွာ သားကိုခ်စ္လြန္းတဲ့စိတ္ေၾကာင့္ နာက်င္ခံစားရၿပီး အသိစိတ္ေပ်ာက္သြားခဲ့သည္။အဖိုးအိုမွ ေဝဒနာခံစားေနရခ်ိန္ ဇနီးျဖစ္သူသည္ အနားမွာရွိမေနေပးပဲ စိတ္ပ်က္ၿပီးေတာ့ ေခြၽးမကိုေခၚကာ အိမ္ကေနထြက္သြားခဲ့ၾကသည္။အဖိုးအိုမွာ ဇနီး၊သား၊ေခြၽးမေလးတို႔ကို စြဲလန္းစိတ္နဲ႔ လမ္းေဘးမွာ ၁၀ႏွစ္ေက်ာ္အၾကာ ေနထိုင္ၿပီး သူတို႔ျပန္အလာကို ေစာင့္ေမွ်ာ္ေနခဲ့သည္။
အဖိုးအို တစ္ေယာက္တည္း အမိုးအကာမရွိသည့္ လမ္းေဘးမွာ ေနေန၍ ေဒသခံလူမ်ားက ေလလႈံမိုးလႈံအရိပ္ေအာက္မွာ ေျပာင္းေ႐ႊ႕ေနခိုင္းခဲ့ေပမယ့္ သူ႔ရဲ႕မိသားစုေတြျပန္လာပါက သူ႔အားမေတြ႕ေတာ့မွာကို စိုးရိမ္မိတာေၾကာင့္ ထိုေနရာမွာပဲ ဆက္လက္ေနထိုင္ခဲ့သည္။
Nge (Cele Daily)