လူ့အဖွဲ့အစည်းတွင် ရုပ်ရည်ချောမောလှပခြင်းသည် သာမန်လူတွေထက် အားသာချက်တစ်ခုဖြစ်နေခဲ့သည်။သို့ဖြစ်၍ ဂျပန်နိုင်ငံက ကောင်လေးတစ်ဦးသည် အရပ်အမောင်းက ၁၅၈စင်တီမီတာသာရှိပြီး မျက်နှာမှာကလည်း အမည်းစက်တွေနဲ့အတူ အဖုအပိမ့်တွေပါရှိနေ၍ ကောင်မလေးများရှေ့ ဖြတ်သွားသည့်အခါ ရုပ်ဆိုးလိုက်တာဆိုပြီး ကဲ့ရဲ့လှောင်ပြောင်တာမျိုး မကြာခဏ ခံခဲ့ရသည်။
ကောင်လေးသည် ထိုသို့အပြောခံရခြင်းကြောင့် စိတ်ထိခိုက်ခံစားရကာ ကိုယ့်ကိုယ်ကို သိမ်ငယ်နေပြီး အိမ်ထဲအိမ်ပြင်မထွက်ရဲတဲ့ထိဖြစ်ခဲ့ရသည်။နောက်ဆုံးမှာတော့ ကောင်လေးသည်အန္တရာယ်များလှသည့် မျက်နှာခွဲစိတ်မှုနဲ့အတူ အရပ်ရှည်အောင်လည်း ခွဲစိတ်ပြုပြင်မှုများစွာကို ပြုလုပ်ခဲ့သည်။
ကောင်လေးသည် ခွဲစိတ်မှုအတွက် ငွေကုန်ကြေးကျများပြီး လူကလည်းနာကျင်ခံစားရသည့်ကြား ဖြတ်ကျော်ကာ လက်ရှိတွင် မြင်သူတိုင်းငေးမောနေရသည့် ခပ်ချောချောကောင်လေးတစ်ယောက်အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီဖြစ်သည်။
Nge (Cele Daily)
Zawgyi
အရပ်ပုပြီးရုပ်ဆိုးနေ၍ ကောင်မလေးများဆီကနေ လှောင်ပြောင်ခြင်းခံရတာတွေကို စိတ်နာပြီး မျက်နှာကိုခပ်ချောချောကောင်လေးတစ်ယောက်အဖြစ်မှော်ဆန်ဆန် ပြောင်းလဲခဲ့တဲ့ ကောင်လေး
Nge (Cele Daily)