လူတိုင်းရဲ့ဘဝမှာ စိတ်ရင်းအမှန်နဲ့ခင်မင်ရင်းနှီးရသည့် သူငယ်ချင်းတွေ ကိုယ်စီရှိကြပြီး လိုအပ်သည့်အခါ သူငယ်ချင်းတွေဆီကနေ အကူအညီတောင်းဖူးကြမည်ဟုထင်မိသည်။ယခုတွင်လည်း နယူးယောက်မြို့တွင် နေထိုင်သော အမျိုးသမီးတစ်ဦးသည် ၅တန်းနှစ်ကတည်းက ခင်မင်ရင်းနှီးလာခဲ့သော အချစ်ဆုံးမိန်းကလေးသူငယ်ချင်းဖြစ်သူမှာ ဦးနှောက်ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကိုခံစားနေရချိန် နေ့နေ့ညည သူမအနားမှာနေပေးပြီး ပြုစုခဲ့သည်။
သူငယ်ချင်းဖြစ်သူသည် ခင်ပွန်းသည်မရှိပဲ ကြင်ဖော်မဲ့မိခင်အဖြစ် သမီး ၄ယောက်ကို ကျွေးမွေးစောင့်ရှောက်လာရ၍ သူမဆုံးပါးသွားသည့်အချိန် ကလေးတွေမှာ ခိုလှုံစရာမဲ့ဖြစ်သွားမည်ကိုတွေးမိပြီး အမျိုးသမီးအား မွေးစားပေးရန် တောင်းဆိုခဲ့သည်။
အမျိုးသမီးသည်လည်း ခင်ပွန်းနဲ့သမီး၂ယောက်ရှိသည့်ကြားက သူငယ်ချင်းဖြစ်သူ ဆုံးပါးသွားချိန်တွင် ပေးထားတဲ့ဂတိအတိုင်း သူမရဲ့သမီး ၄ယောက်ကို မွေးစားကာ သမီးရင်းလေးတွေလို ပြုစုစောင့်ရှောက်ပေးခဲ့သည်။
Nge (Cele Daily)
Zawgyi
ဦးနှောက်ကင်ဆာနဲ့ ကွယ်လွန်သွားသည့် အချစ်ဆုံးသူငယ်ချင်းရဲ့ သမီး ၄ယောက်ကို မွေးစားကာ သမီးရင်းလေးတွေလို ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ အမျိုးသမီး
Nge (Cele Daily)